2000.00 MMK
Author:
ကာတွန်းမောင်မောင်လေး
ID: #284
Pages:
ကမ္ဘာပေါ်တွင် နိုင်ငံပေါင်းမြောက်မြားစွာနှင့် လူမျိုးပေါင်းများစွာရှိသလို၊ မြန်မာနိုင်ငံတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ လူမျိုးပေါင်းများစွာ မှီတင်းနေထိုင်ကြပါသည်။ ထို့ကြောင့် ကလေးငယ်များအတွက် နိုင်ငံတကာနှင့် မြန်မာနိုင်ငံရှိလူမျိုးစုများကို သိရှိစေရန် ၎င်းတို့၏ရိုးရာဝတ်စားဆင်ယင်မှုနှင့် ဓလေ့စရိုက်များကို လေ့လာနိုင်ရန် ကလေးငယ်များ စဉ်းစားဉာဏ်ရင့်သန်ပြီး၊ ပျော်ရွှင်သွက်လက်စေရန် ဖြစ်ပါသည်။ ယခုစာအုပ်တွင် နိုင်ငံတကာလူမျိုးများဖြစ်သည့် ထိုင်းလူမျိုး၊ တရုတ်လူမျိုး၊ ဂျပန်လူမျိုး၊ ရက်(ဒ်) အင်ဒီယန်းလူမျိုးများ အပါအဝင် အခြားသောလူမျိုးများနှင့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားလူမျိုးများကို ဖော်ပြထားပါသည်။ ကလေးငယ်များ နှစ်သက်ရာဆေးရောင် ရွေးပြီး ရေးခြယ်နိုင်သည့် စာအုပ်တစ်အုပ် ဖြစ်ပါသည်။