6500.00 MMK
Author:
မောင်ဆုရှင်
ID: #762
Pages:
နိုဗယ်ဆုရ ကမ္ဘာကျော်စာရေးဆရာ Ernest Hemingway ၏ The Old Man and The Sea စာအုပ်ကို ဆရာမောင်ဆုရှင်က မြန်မာပြန်ဆိုထားခြင်းဖြစ်သည်။ ဤမြန်မာပြန်စာအုပ်သည် ၁၉၆၈ ခုနှစ်က အမျိုးသားစာပေ ဘာသာပြန် (ပထမဆု) ကို ရရှိခဲ့ပြီး ဆန်တီယာဂိုအမည်ရ တံငါသည်အဘိုးအိုတစ်ဦးကို အခြေပြုရေးဖွဲ့ထားသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ကုန်းမြေနှင့်ဝေးသည့် ကမ်းမမြင်လမ်းမြင်ပင်လယ်ပြင်ထဲငါးဖမ်းထွက်သည့်အကြောင်းကို ရေးသားထားသည့် ယခုဇာတ်လမ်းတွင် တံငါအဘိုးအိုနှင့် အင်မတန်ကြီးမားလှသည့် ငါးကြီးတစ်ကောင်တို့၏ အားပြိုင်မှု၊ ငါးမန်းတို့ဘေးရန်ကို ရင်ဆိုင်တိုက်ခိုက်ကျော်ဖြတ်ရမှု စသည့် တစ်ကိုယ်တော် ပင်လယ်ပြင်စွန့်စားခန်းများ ပါဝင်ပါသည်။ လူသား၏အားမာန်၊ လူသား၏စွန့်စားမှုနှင့် လူသား၏ အနိုင်မခံ အရှုံးမပေးသည့်စိတ်ဓာတ် စသည့်အခြင်းအရာများကို ဖော်ညွှန်းထားသည့် ဤစိတ်ခွန်အားဖြည့်၀တ္ထုကို ပဉ္စမအကြိမ်အဖြစ် အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ပြန်လည်ထုတ်ဝေထားခြင်းဖြစ်သည်။