Cart

ငမွဲလော့ဂျစ်

3500.00 MMK

Author: အကြည်တော်
ID: #763 Pages:

ဟာသစာရေးဆရာအကြည်တော်မကွယ်လွန်ခင်ရေးသားခဲ့သော စာအုပ်သစ်ဖြစ်သည်။ လော့ဂျစ်ကို ယုတ္တိဗေဒဟု အဓိပ္ပာယ်ဖွင့်ပြီး ဤစာအုပ်တွင် စာရေးသူ၏ လော့ဂျစ်ပေါင်း ၄၀၀ ကျော်ကို စုစည်းထားသည်။ "သင်သာလျှင် သင့်ပြိုင်ဘက်၊ သင့်ပြိုင်ဘက်ကို အမြဲချော့သိပ်ထားပါ။ ဒါဖြင့် သင် အမြဲအိပ်နေလို့ ရပြီ၊ ဒါဆို သင် သေချာပေါက်မွဲပြီ"၊ "လုံးဝ မပျင်းနဲ့၊ အများနည်းတူ အိပ်ချိန်ကို တစ်နေ့ ရှစ်နာရီပဲထား၊ ကျန်တဲ့အချိန်ဆို မှိန်းနေ၊ သေချာပေါက် မွဲပြီ"၊ "စီးပွားရေးဆိုတာ လုပ်တတ်ရင် ဖြစ်ပါတယ်၊ အနည်းဆုံးအရင်းအနှီးနဲ့သာ စတင်ပါ၊ ကြာရင် သု့အလိုလို အကြွေးတင်လာလိမ့်မယ်" ၊ "လူတွေက သောက်ရစားရဘဝမှာ ပျော်မွေ့ရင်း စားရသောက်ရမဲ့ဘဝ ရောက်သွားကြတာပါပဲ" စသည့် ငမွဲလော့ဂျစ်များကို ဖတ်ရှုရမည်ဖြစ်သည်။ ယခုစာအုပ်တွင် လောကကြီးထဲ မည်သို့နေထိုင်လျှင် မွဲမည်နည်းဆိုသည့် အချက်များကို ပြဆိုထားသည်မို့ ဖတ်ရင်း ပြုံးရွှင်ဖွယ် စိတ်ခံစားချက်ဖြစ်ပေါ်နိုင်သကဲ့သို့ စာတိုတိုကပေးသည့် ဆင်ခြင်ဖွယ်အတွေးရှည်ရှည်များကိုလည်း ရရှိနိုင်ပါမည်။

အဆင့်နှင့်မှတ်ချက်များ

User reviews