5500.00 MMK
Author:
နေဗယ်
ID: #767
Pages:
"ရှင်သန်နေရမှာကိုက တာဝန်ပါပဲ။ ဒဏ်ရာတွေနဲ့ဆိုလည်း ရှင်သန်ရဦးမယ်။ ပြိုလဲနေတယ်ဆိုလည်း ပြန်ထပြီး ရှင်သန်ရဦးမယ်။ ဒါဟာ ဘဝရဲ့တာဝန်တစ်ခုပါပဲ" ဟု စာရေးသူ နေဗလ်က ဆိုထားသည်။ ဘဝတွင် သေချာပေါက် ကျေပွန်ရမည့် တာဝန်များနှင့် လူ့ကျင့်ဝတ်များကို ယခုစာအုပ်တွင် ပြဆိုထားသည်။ ကိုယ်ပိုင်ဘဝအတွက် ကျေပွန်ရမည့် တာဝန်များ၊ မိမိကိုယ်ကို စောင့်ရှောက်ရမည့်တာဝန်များ၊ တစ်ယောက်တည်း ရှင်သန်ရပ်တည်နိုင်အောင်ကြိုးစားရမည့်တာဝန်များ၊ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင်လုပ်ရမည့်တာဝန်များ၊ မိမိကိုယ်မိမိ ထိန်းချုပ်ရမည့်တာဝန်များအပြင် လူမှုကျင့်ဝတ်ဆိုင်ရာ ဆင်ခြင် သိမှတ်စရာများကို အခန်းကဏ္ဍတစ်ခုချင်းအလိုက် ဖတ်ရှုရမည့် စာတစ်အုပ်ဖြစ်ပါသည်။