Cart

ရုပ်ရှင်ထဲလိုမဟုတ်ဘူး (ကဗျာပေါင်းချုပ်)

20000.00 MMK

Author: မောင်သင်းပန်
ID: #793 Pages:

ကဗျာဆရာ နှစ်ပေါင်းငါးဆယ်ကျော်ဖြတ်သန်းခဲ့တဲ့ အနုပညာခရီးက​နေ ​ကဗျာအနုပညာလက်ရာကောင်း​တွေ မွေးဖွားလာခဲ့တယ်။ ခေတ်ပေါ်ကဗျာတွေရဲ့ ရှေ့ဆုံးတန်းမှာပါဝင်ခဲ့တဲ့ ကဗျာဆရာမောင်သင်းပန်ရဲ့လက်ရာ (ကဗျာ ၂၅၁ ပုဒ်) ​တွေကို တစ်ဝကြီးဖတ်ရှုခံစားရမှာဖြစ်ပါတယ်။ #အမေ့ရဲ့စံပယ်ပင်ကလေး 'ကျွန်တော့်ခြံဝင်းထောင့်မှာ အမေစိုက်ပျိုးခဲ့တဲ့ စံပယ်ပင်ကလေးတစ်ပင် ရှိပါတယ်။ ကျွန်တော့်အမေ ကွယ်လွန်တုန်းက နာရေးဖိတ်စာကို ကျွန်တော် လွှင့်မပစ်ရက်ဘူး။ အဲဒီစံပယ်ပင်ကလေးထိပ်မှာ ချိတ်ထားလိုက်တယ်။ တစ်ညမှာ ကျွန်တော် "အမေ" လို့ တစ်ခွန်းခေါ်ကြည့်လိုက်တယ် မနက်လင်းတော့ စံပယ်တစ်ပွင့် ပွင့်နေတယ်။ ဒါနဲ့ နောက်ညတွေမှာ "အမေ အမေ အမေ" လို့ အခွန်းပေါင်းများစွာ ခေါ်ကြည့်လိုက်တယ်။ မနက်လင်းတော့ ပင်လုံးကျွတ်ပွင့်လို့ ပင်လုံးကျွတ်မွှေးလို့ ပင်လုံးကျွတ်ရနံ့တွေ လေပြည်ထဲမှာပြည့်လျှံလို့။ ကျွန်တော် ဝမ်းသာအားရ "အမေ" လို့ နောက်တစ်ခွန်းတိုးတိုးကလေး ခေါ်ကြည့်လိုက်တယ်။ ကျွန်တော်ကိုယ်တိုင် စံပယ်ပွင့်ကလေးတစ်ပွင့် ဖြစ်သွားတယ် ။ ။ မောင်သင်းပန်

အဆင့်နှင့်မှတ်ချက်များ

User reviews