40000.00 MMK
Author:
ရွှေအိုလတ် (Shwe O Latt)
ID: #796
Pages:
ရုရှားဖက်ဒရေးရှင်းရဲ့အရှေ့တောင်ဘက်ရှိ အဇာဘိုင်ဂျန်နိုင်ငံသမ္မတ ဟေဒါ အလီယက်ရဲ့ အကြောင်းကိုရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဖခင် မီးရထားဝန်ထမ်း၊ မိခင် ရိုးရာအရပ်သူ အိမ်ရှင်မတို့က မွေးဖွားခဲ့သူ ဟေဒါ အလီယက်ဟာ လုံခြုံရေးဝန်ထမ်းဘဝမှသည် ဆိုဗီယက်ခေတ်ရဲ့ အဇာဘိုင်ဂျန် ကေဂျီဘီအဖြစ် နှစ်ပေါင်း သုံးဆယ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်နဲ့ ဆိုဗီယက်ပြည်ထောင်စု ဝန်ကြီးများကောင်စီရဲ့ ပထမ ဒုဥက္ကဋ္ဌရာထူးအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံ ဇာတ်သိမ်းပြီး ဆိုဗီယက်လောင်းရိပ်အောက်ကနေ လွတ်လာခါစ အဇာဘိုင်ဂျန်သမ္မတနိုင်ငံဟာ တိုင်းပြည်ပြိုကွဲလုနီးပါးအခြေအနေကို ဆိုက်ရောက်သွားခဲ့တဲ့အချိန်မှာ အဇာဘိုင်ဂျန်ပြည်သူတွေက သူ့ကို လွတ်လပ်တဲ့ အဇာဘိုင်ဂျန်နိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခဲ့ကြပါတယ်။ ယခုစာအုပ်မှာ သမ္မတ ဟေဒါအလီယက်ရဲ့ နိုင်ငံရေးဖြတ်သန်းမှု၊ ဆိုဗီယက်ယူနီယံ ပြည်ထောင်စုခေတ် ဖွဲ့စည်းပုံနဲ့ ဆောင်ရွက်ချက်တွေ၊ တစ်ပါတီစနစ်ကနေ ဒီမိုကရေစီသို့ အကူးအပြောင်း ကဏ္ဍပေါင်းစုံမှ စိန်ခေါ်မှုတွေ၊ သဘာဝ သယံဇာတ ရောင်းချခြင်းနဲ့ အနာဂတ် မျိုးဆက်အတွက် ချိန်ညှိပေးခဲ့ပုံတွေ စတဲ့ ကြောင်းခြင်းရာတွေ ပါဝင်ပါတယ်။