8000.00 MMK
Author:
ဒေါက်တာသန်းသန်းရှိန် (ပါမောက္ခ-ငြိမ်း)
ID: #812
Pages:
အလှအပ၊ ကျန်းမာရေးနဲ့ သက်သတ်လွတ်စားသုံးသူတွေအတွက် ရည်ရွယ်ထုတ်ဝေထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ အာနိသင်၊ ကျန်းမာရေးအတွက်အကျိုးပြုပုံတွေကို ရေးသားထားပါတယ်။ အပင်တွေက အပင်ရောဂါတွေ ကျရောက်ခြင်းနဲ့ ပိုးမွှားတွေတိုက်ဖျက်ခြင်းကို ကာကွယ်ကုသဖို့အတွက် အပင်ဓာတ်ပေါင်းတွေ (Phyto Chemicals) ထုတ်လုပ်ကြပါတယ်။ သုတေသနတွေ့ရှိချက်တွေအရ အပင်ဓာတ်ပေါင်းတွေက လူတွေအတွက်လည်း ရောဂါတွေကို ကာကွယ်နိုင်ကြောင်း၊ ကျန်းမာရေးကောင်းဖို့ အကျိုးပြုနေကြောင်း လေ့လာတွေ့ရှိရပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံတို့က အာဟာရဖြစ်စေသလို ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်လို့ ဆိုထားတဲ့ ယခုစာအုပ်ကို ဖတ်ကြည့်ပြီး လက်တွေ့အသုံးချကြည့်စေလိုပါတယ်။