5000.00 MMK
Author:
နေစိုးသော်
ID: #814
Pages:
"ဤရသစာလေးများသည် တို၏။ ရိုးရှင်း၏။ သို့သော် ဖြူစင်လေးနက်၏။ ကျယ်ဝန်း၏။ ဖတ်ရှုခံစားကြည့်စေချင်ပါသည်။ အကျိုးရှိမည်ဟု ယုံကြည်ပါသည်။ ဤရသစာစုလေးများမှနေ၍ ကျွန်တော်တို့သည် ချစ်ခြင်းမေတ္တာကို သင်ယူနိုင်ပါလိမ့်မည်။ ဖြူစင်ခြင်း မြင့်မြတ်ခြင်းကို သင်ယူနိုင်ပါလိမ့်မည်။ တာဝန်သိမှု တာဝန်ယူတတ်မှုကို သင်ယူနိုင်ပါလိမ့်မည်။ ပေးဆပ်ခြင်းမှရသော ပီတိတရားကို သင်ယူနိုင်ပါလိမ့်မည်။ လူပီသဖို့ သင်ယူနိုင်ပါလိမ့်မည်။ အတ္တကို လျှော့ချဖို့ သင်ယူနိုင်ပါလိမ့်မည်။ လူ့လောကတွင် တန်ဖိုးရှိသော အဓိပ္ပာယ်ရှိသော လူတစ်ယောက်အဖြစ်နေတတ်အောင် သင်ယူနိုင်ပါလိမ့်မည်။ ကျွန်တော်တို့သည် ချစ်ခြင်းဖြင့်သာလျှင် ချစ်ခြင်းတရားကို သင်ယူနိုင်သည် မဟုတ်ပါလား" Chicken Soup For My Beloved ထဲက နှလုံးသားခွန်အားဖြည့်စာစုလေးတွေကို ဘာသာပြန်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ စာထဲက ရတဲ့ အသိအမြင်နဲ့ ဘဝတန်ဖိုးကို မြှင့်တင်ဖို့အတွက် ထောက်ကူပေးပါလိမ့်မယ်။