6000.00 MMK
Author:
တင်စိန်(ပထဝီဝင်)
ID: #836
Pages:
- အတိတ်က မြန်မာ့လယ်ယာမြေစနစ်ကို ပြန်ကြည့်ရင် ငွေချေးတဲ့ ချစ်တီးတွေကိုပါ တွဲဖက် သိမှတ်ရပါလိမ့်မယ်။ - အိန္ဒိယတောင်ပိုင်းမှာ ချမ်းသာကြွယ်ဝတဲ့၊ ငွေချေးလုပ်ငန်းလုပ်တဲ့ နာတ္တူးကော်တိုက် ချစ်တီးယားတွေနေထိုင်ကြတယ်။ ချစ်တီးတွေက နှမြောတယ်။ ကပ်စေးနှဲတယ်။ ချေးထားတဲ့ငွေကို တစ်ပြားတစ်ချပ်ကအစ ရအောင် ပြန်တောင်းတတ်ကြတယ်။ - ဒါပေမဲ့ ရတဲ့ငွေကို အချိုးကျစုဆောင်းပြီး လှူဒါန်းကြတယ်။ မျိုးရိုးတူတွေမှာ အခက်အခဲကြုံလာရင် ပေးကမ်းကြတယ်။ သစ္စာရှိပြီး ရိုးသားတဲ့အတွက် လူသိထင်ရှား ပြောစမှတ်ပြုရတဲ့မျိုးရိုး ဖြစ်တယ်။ - ကိုလိုနီခေတ်မှာ ဗြိတိသျှအစိုးရက နာတ္တူးကော်တိုက် ချစ်တီးယားတချို့ကို မြန်မာပြည်ထဲ ခေါ်သွင်းလာခဲ့တယ်။ - ဒီစာအုပ်ထဲမှာပါတဲ့ ချစ်တီးသမိုင်းနဲ့ ချစ်တီးယဉ်ကျေးမှု၊ ချစ်တီးတွေရဲ့ လူမှုဘဝ၊ ချစ်တီးတွေရဲ့လုပ်ငန်း၊ မြန်မာ့လယ်ယာမြေနဲ့ ချစ်တီးတို့ရဲ့ဆက်စပ်မှု၊ နောက်ဆုံး မြန်မာပြည်ရောက် ချစ်တီးတွေရဲ့ဒုက္ခ၊ချစ်တီးသား၊ ချစ်တီးမယားနဲ့ ချစ်တီးတို့ရဲ့ သံယောဇဉ်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖတ်ရှု ရပါမယ်။