14000.00 MMK
Author:
ကောင်းလွန်း
ID: #859
Pages:
- ခေါင်းဆောင်ဆိုတာ အနာဂတ်အမြင်ရှိမှ မောင်းနှင်သူ Driver ဖြစ်မယ်။ အနာဂတ်အမြင်မရှိရင် ကိုယ်တိုင်ဝင်ကစားရတဲ့ ကစားသမား Player ပဲဖြစ်လိမ့်မယ်။ - Visionary Leader (အမြော်အမြင်ရှိတဲ့ခေါင်းဆောင်) တွေဟာ အများအတွက် ဘာလုပ် ရမလဲ၊ အများလုပ်ချင်လာအောင် ဘယ်လို လုပ်ရမလဲဆိုတာကိုပဲ ဦးစားပေးပြီး စဉ်းစားတာပါ။ - အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်တွေဟာ သူတို့နေရာ၊ သူတို့ကမ္ဘာကို သူတို့အတွက် ကောင်းအောင်လုပ်မယ့်အစား သူများတွေအတွက်ကောင်းအောင် ကြိုးစားသူတွေဖြစ်တယ်။ - အမြော်အမြင်ရှိတဲ့ခေါင်းဆောင်တွေဟာ အပြောင်း အလဲကာလမှာ ပေါ်လာလေ့ရှိပါတယ်။ သူတို့ဟာ အပြောင်းအလဲကို စိတ်အားထက်သန်သူတွေလည်း ဖြစ်ကြပါတယ်။ - အဟောင်းဖြစ်စဉ်တွေကြောင့် အခက်အခဲကြုံချိန်မှာ အပြောင်းအလဲကို ထင်ထင်ရှားရှားလုပ်နိုင်တာက အမြော်အမြင်ရှိတဲ့ခေါင်းဆောင်တွေသာ ဖြစ်ပါတယ်။ - ဒီစာအုပ်မှာ ခေါင်းဆောင်မှုစွမ်းရည်နဲ့ ခေါင်းဆောင်မှုပညာဆောင်းပါးတွေဖြစ်တဲ့ ခေါင်းဆောင်အမျိုးအစားများ၊ ခေါင်းဆောင်မှုအရည်အသွေး၊ ခေါင်းဆောင်မှုကို ပျိုးထောင်နည်း၊ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုအတတ်ပညာဆိုင်ရာ ဆောင်းပါး ၃၆ ပုဒ်ကို ဖတ်ရှုရပါမယ်။