12000.00 MMK
Author:
ဦးမောင်မောင် (မော်ကျွန်း)
ID: #866
Pages: 203
- ပဋိညာဉ်အခြေခံကို ထိထိမိမိကိုင်တွယ်ရေးသားထားတဲ့စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ပဋိညာဉ်တစ်ရပ်ဖြစ်မြောက်ဖို့ ဘယ်အချက်တွေလိုအပ်မယ်၊ ဘယ်အချိန်မှာ စတင်အသက်ဝင်တယ်၊ ဘယ်အချိန်မှာပျက်ပြယ်တယ် ဆိုတာတွေကို သိမှတ်ရမယ်။ - ပဋိညာဉ်အမျိုးအစား၊ သက်သာခွင့် အစရှိတာတွေကိုလည်း လွယ်ကူစွာနားလည်နိုင်အောင် ရေးသားထားပါတယ်။ - ပဋိညာဉ်အက်ဥပဒေရဲ့ အခြေခံသဘောကတော့ လူတွေ တစ်ယောက်နဲ့တစ်ယောက်လုပ်ငန်းဆောင်တာလုပ်ကိုင်ကြဖို့ ကတိတွေပေးပြီးပြီဆိုရင် အဲဒီကတိတွေ အကောင်အထည်ဖော်နိုင်ဖို့ ဥပဒေရဲ့အာဏာစက် သက်ရောက်အောင် ပြဋ္ဌာန်းပေးထားခြင်းဖြစ်ပါတယ်။ - တစ်ဖက်ဖက်ကနေ ကတိကဝတ် ချိုးဖောက်လိုက်ပြီဆိုရင် နစ်နာတဲ့သူဘက်ကနေ သူ့နစ်နာချက်တွေကို ကုစားပေးနိုင်ဖို့ သူ့ကိစ္စကို စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးကိုသွားပြီး လျှောက်ထားတောင်းဆိုနိုင်ခွင့် ရှိစေဖို့ပါပဲ။ - အိမ်အရောင်းအဝယ်၊ မြေအရောင်းအဝယ်ကစလို့ ကိုယ့်အိမ်ကိုယ်ပြင်ဖို့ ကန်ထရိုက်ကို အပ်တာအဆုံး အမျိုးမျိုးသော လုပ်ငန်းဆောင်တာတွေဟာ ပဋိညာဉ်အက်ဥပဒေနဲ့ သက်ဆိုင်လာပါတယ်။