Cart

အစ္စရေး - ဟားမတ်စ် စစ်ပွဲ၊ ပါလက်စတိုင်းအကျပ်အတည်း

11000.00 MMK

Author: နရီမင်း
ID: #895 Pages: 200

- ဂျူးတို့ရဲ့ အထင်ကရ အားလပ်ရက်အတွင်းမှာ ဟားမတ်စ် စစ်သွေးကြွတွေက ဂါဇာကမ်းမြောင်ကနေ အနီးအနားရှိ အစ္စရေးမြို့တွေဆီကို ရော့ကက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အစ္စရေးအရပ်သား ရာနဲ့ချီ သေဆုံးပြီး ဓားစာခံတစ်ရာကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ - ဒီဖြစ်ရပ်က ကာယကံရှင် အစ္စရေးသာမက တစ်ကမ္ဘာလုံးကိုပါ တုန်လှုပ်သွားစေခဲ့တယ်။ ယွမ်ကစ်ပူး စစ်ပွဲပြီးနောက် နှစ်ပေါင်း ၅၀ အကြာမှာ ဒေသတွင်း အပြင်းထန်ဆုံးသော စစ်ဆင်ရေးလို့ ဆိုနိုင်ပါတယ်။ - အစ္စရေးက တန်ပြန်ချေမှုန်းရေး နိဒါန်းအဖြစ် ဟားမတ်စ်စစ်သွေးကြွတွေကို သူ့ပိုင်နက်အတွင်းကနေ ရှင်းထုတ်ပြီးနောက် အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ကို ဝေဟင်ကနေ ကျယ်ကျယ်ပြန့်ပြန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ အောက်တိုဘာ ၂၇ ရက်က စပြီး မြေပြင် စစ်ဆင်ရေး အကြီးစားကို စတင်ခဲ့ပါတယ်။ - အစရှိတဲ့ အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဂါဇာ-အစ္စရေးပဋိပက္ခရဲ့ ပဉ္စမမြောက်စစ်ပွဲအကြောင်း ဖတ်ကြည့်စေချင်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews