6000.00 MMK
Author:
နီဇော်သစ်
ID: #899
Pages: 216
- အရင်းကျမ်းကို “စီးပွားရေး" ဟု တံဆိပ်ကပ်ထားသော သေတ္တာထဲတွင် ထည့်၍ မရ၊ ထည့်ဖို့ မသင့်။ “အရင်းကျမ်း" သည် နိုင်ငံရေး၊ သမိုင်း၊ စီးပွားရေး၊ လူမှုရေး၊ ဒဿနအပြင် ထိုခေတ်ထိုအခါ၏ စာပေလည်းဖြစ်၏။ မာ့က်စ်ဝါဒ ဝေဖန်ရေးစာပေ၏ အစောပိုင်းဥပမာလည်း ဖြစ်သည်။ - ဤစာအုပ်ထဲမှ မာ့က်စ်၏ ချဉ်းကပ်ပုံသည် သူ့နည်းလမ်းကို အကုန်လုံး ဖွင့်ပြထားသည်။ သူက နိုင်ငံ ရေး၊ စီးပွားရေး၊ ဘာသာရေး၊ ဒဿနနှင့် လူမှုရေး နောက်ကွယ်၌ ဖုံးထားသည့် “စာပေဥပမာ" တို့ကို ဖတ်စေချင်သည်။ - “အရင်းကျမ်း"တွင် သူ၏ အဓိကရည်ရွယ်ချက်မှာ ပိုက်ဆံ၊ အကျိုးအမြတ်၊ အရင်း အစရှိသည့် စီးပွားရေးအပိုင်းကဏ္ဍများသည် ထိုအပိုင်းကဏ္ဍများကို ဖြစ်လာစေသည့် လူမှုရေးပိုင်းကို ဘယ်လို၊ ဘာကြောင့် ဖိနှိပ်ထားသလဲဆိုသည်ကို တင်ပြလိုခြင်းဖြစ်သည်။ - မည်သို့ပင်ဖြစ်စေ ထိုအပိုင်းကဏ္ဍများသည် ကျွန်တော်တို့၏ နိစ္စဓူဝနေ့စဉ်ဘဝတွင် အလွန်နီးကပ်စွာ ထိတွေ့နေရ၍ ‘အရင်းကျမ်း’သည် ကျယ်ပြန့်လှသော ပရော့ဂျက်တစ်ခု၊ ‘စီးပွားရေး’ ဆိုသည့် အဝန်းအဝိုင်း၏ အလွန်ကို ထိုးဖောက်ကြည့်မြင်နိုင်စွမ်းပေးသည့် စာအုပ်တစ်အုပ်ပင်။ - ဤစာအုပ်သည် အရင်းကျမ်းကို အစပြု ဖတ်ရှုလေ့လာလိုသူများအတွက် အရင်းကျမ်း မူရင်းဘာသာပြန်ဆိုချက်များနှင့် ရှင်းလင်းချက်များ၊ သရုပ်ဖော်ပုံ များစွာဖြင့် လွယ်ကူးရှင်လင်းစွာ လေ့လာနိုင်ရန် ပြုစုထားသည့် စာအုပ်တစ်အုပ် ဖြစ်ပါသည်။