Cart

သုခမြို့တော်

15000.00 MMK

Author: မြသန်းတင့်
ID: #932 Pages: 574

အမွဲတကာ့အမွဲဆုံး ဖွတ်မင်းရှုံး‌လောက်တဲ့ ဟာစရီပါးဆိုတဲ့ ကျောမွဲကြီးတစ်ယောက် ရွာမှာ မိုးခေါင်ရေရှားဖြစ်ပြီး စိုက်လို့ပျိုးလို့မရတာကြောင့် ကာလကတ္တားကို မိသားစုလိုက် ပြောင်းရွှေ့လာခဲ့တယ်။ - ကာလကတ္တားရဲ့ ကျူးကျော်ရပ်ကွက်မှာ ကုပ်ကပ်နေပြီး ဝမ်းရေးအတွက် ခန္ဓာကိုယ်ထဲက သွေးကို ဖောက်ရောင်းရတဲ့အထိ ရုန်းကန်ဖြတ်သန်းခဲ့ရတယ်။ နွားတစ်ကောင်လို ကုန်းရုန်းပြီး လန်ချားဆွဲခဲ့ရတယ်။ - အဲဒီအရပ်မှာ စားစရာမရှိလို့ ပြည့်တန်ဆာလုပ်ပြီး မိသားစုကိုရှာကျွေးနေရသူတွေ၊ သန္ဓေသားလောင်းကို ကြိုတင်ရောင်းစားထားတဲ့မိခင်တွေ စသဖြင့် ဟာစရီပါးလို လူစားတွေကလည်းအများကြီး။ ဟာစရီပါးကတော့ သမီးအိမ်ထောင်ပြုဖို့အတွက် သွေးတင်မက ခန္ဓာကိုယ်ရဲ့အရိုးတွေကိုပါ ကြိုတင်ထုတ်ရောင်းထားခဲ့ရတယ်။ - အိန္ဒိယနိုင်ငံက လူနေမှုအဆင့်အတန်း ကွာဟမှုတွေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားတဲ့စာအုပ်လို့ ဆိုရပါမယ်။ ဒါ့အပြင် ကြီးမားတဲ့အခက်အခဲမွန်းကျပ်မှုတွေကြားထဲမှာ ဘယ်လို အသက်ရှင်ရပ်တည်နိုင်အောင် အားခဲအားထုတ်ကြသလဲ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုစာနာချစ်ခင်တွယ်တာတတ်လာကြသလဲ ဆိုတာကိုပါ သိမြင်ဖတ်ရှုရပါမယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews