18000.00 MMK
Author:
မြသန်းတင့်
ID: #1037
Pages: 524
"ဆာ အာသာ ကိုနင်ဒွိုင်းလ်သည် ရှားလော့ဟုမ်းဝတ္ထု ခြောက်ပုဒ်လောက်သာ ရေးပြီးနောက်ပိုင်းတွင် ထို့ထက်လေးနက်သောစာများကို ရေးမည်ဟု စိတ်ကူးခဲ့သည်။ သို့ရာတွင် စထရင်းမဂ္ဂဇင်းက ဆက်ရေးပေးဖို့ နားပူနားဆာ လုပ်နေသည်။ ဤတွင် ကိုနင်ဒွိုင်းလ်က တပုဒ်ကို ပေါင်ငါးဆယ် ပေးမှ ရေးမည်ဟု မဖြစ်နိုင်သောဈေးကို တောင်းလိုက်သည်။ - သူ တောင်းသည့်နှုန်းကို စထရင်းမဂ္ဂဇင်းက ပေးသည့်အခါ သူ အံ့အားသင့်နေသည်။ သို့ဖြင့် နောက်ထပ်ခြောက်ပုဒ် ဆက်ရေးသည်။ ပြီးခါနီးသည့်အခါ ကိုနင်ဒွိုင်းလ်က သူ့အမေထံ စာရေးသည်။ "ဟုမ်းကို သတ်ပစ်လိုက်တာ အကောင်းဆုံးပဲအမေ၊ သူဟာ ကျွန်တော့်အချိန်တွေကို သိပ်ယူလွန်းနေတယ်၊ တခြား အရေးကြီးတဲ့အလုပ်တွေကို မလုပ်နိုင်တော့ဘူး"။ - ဤတွင် ကိုနင်ဒွိုင်းလ်သည် The Final Problem ဝတ္ထုကို ရေးသည်။ လူဆိုးဂိုဏ်းခေါင်းဆောင် ပါမောက္ခမော်ရီယာတီနှင့်သတ်ပုတ်ရင်း ဆွစ်ဇာလန်ပြည်ရှိ ရေတံခွန်ကြီးထဲ ရှားလော့ဟုမ်း လိမ့်ကျ သေဆုံးသွားခဲ့သည်။ သို့ရာတွင် ရှားလော့ဟုမ်းသေသည်ကို ပရိသတ်က လက်မခံပါ။ ပရိသတ်များ၏ တောင်းဆိုချက်အရ ယခုစာအုပ်ပါ 'လူမနေသောအိမ်ကြီး' ဝတ္ထုတွင် ရှားလော့ဟုမ်းကို ပြန်လည် အသက်သွင်းခဲ့ရသည်။ ထိုသို့ဖြင့် 'ရှားလော့ဟုမ်း ပြန်လာခဲ့' ရသည်။ (ဘဝတက္ကသိုလ်) - ဒီစာအုပ်ထဲမှာ လူမနေသော အိမ်ကြီး၊ ဉာဏ်များသောဗိသုကာ၊ ကနေသော အရုပ်ကလေးများ၊ အဖော်မဲ့ စက်ဘီးသမား၊ ပျောက်ဆုံးသွားသော ကျောင်းသား၊ မိုက်ခဲ ပီတာ၊ မင်းကတော်လေးနှင့် ငွေညှစ်သမား၊ နပိုလီယန် ခြောက်ဦး၊ မေးခွန်း ပျောက်မှု၊ ရွှေမျက်မှန်၊ ညာတောင်ပံဘောသမား ပျောက်မှု၊ ချစ်တဲ့စိတ်ဟာ ဆန်းကြယ်၊ ဒုတိယ သွေးကွက်ဆိုတဲ့ ဇာတ်လမ်းတွေပါဝင်ပါတယ်။