15000.00 MMK
Author:
ကျော်စိုးမင်း
ID: #1073
Pages: 177
- နောက်ဆုံးပေါ် ငွေဖောင်းပွမှု ကမောက်ကမဖြစ်မှုအကြောင်း ကြိုတင်သတိပေးသည့် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည့် ဘောဂဗေဒပညာရှင် Stephen D. King သည် မူဝါဒချမှတ်သူ များ ဂရုမစိုက်ဘဲ မေ့ထားခဲ့ကြသည့် ငွေဖောင်းပွမှုသမိုင်းမှ အဓိကသင်ခန်းစာများကို ဤစာအုပ်တွင် ဖော်ထုတ်ပေးထားပါသည်။ - ရှေးဟောင်းရောမမြို့မှ အမေရိကန်ပြည်တွင်းစစ်၊ ထိုမှ ယနေ့ခေတ် ပိုင်ဆိုင်မှုပူဖောင်းများအထိ ငွေဖောင်းပွမှုသည် မူဝါဒအမှား၊ ဘဏ္ဍာရေးအာဏာပိုင်တို့၏ လောဘနှင့် ငွေကြေးအပေါ် စုပေါင်းယုံကြည်မှု ဆုံးရှုံးခြင်းတို့မှ ပေါက်ဖွားလာခြင်းဖြစ်သည် ဆိုသည့်အချက်ကို သမိုင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များဖြင့် တင်ပြထားသည်။ - ငွေဖောင်းပွမှုအကြောင်း ဆွေးနွေးရာတွင် ရာစုနှစ်များစွာအတွင်း ဆိုးရွားသော အဆုံးအဖြတ်နှင့် နားလည်မှုလွဲမှားခြင်းများကို အဆုံးသတ်ကာ ဝင်ရောက် စွက်ဖက်သည့်နည်းလမ်း လိုအပ်သည်။ သို့မှသာ ငွေဖောင်းပွမှုမှ ဖြစ်ပေါ်လာသော နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ကသောင်းကနင်းဖြစ်မှုများကို စတင်ဖြေရှင်းနိုင်မည် ဖြစ်သည်။