7000.00 MMK
Author:
ကျော်စိုးမင်း
ID: #1459
Pages: 120
"အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရက ဗဟိုဦးစီးစနစ်၊ ဈေးကွက်စီးပွားရေးစနစ်တွေ ကျင့်သုံးတဲ့အခါ နိုင်ငံမှာ အနက်ရောင်စီးပွားရေး အမြစ်တွယ်၊ ရှင်သန်ကြီးထွားလာတဲ့အကြောင်း တင်ပြထားတဲ့စာအုပ် . . ." - အနက်ရောင် စီးပွားရေးကို အနက်ရောင်ငွေကြေး၊ အပြိုင်စီးပွားရေး၊ တရားမဝင်စီးပွားရေး၊ စာရင်းပျောက်စီးပွားရေး၊ ဥပဒေဆန့်ကျင်တဲ့စီးပွားရေး၊ မြေအောက်စီးပွားရေး စသည်ဖြင့် အမည်နာမပေါင်းများစွာနဲ့ ညွှန်းဆိုထားကြပါတယ်။ - အမည်နာမဘယ်လိုပင်ရှိသည်ဖြစ်စေ အနက်ရောင်စီးပွားရေးဆိုတာ တိုင်းပြည်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး၊ လူမှုရေး အစရှိတဲ့ ကြွယ်ဝချမ်းသာမှုကို နောက်ပြန်ဆွဲနေတဲ့ဖြစ်စဉ်လို့ ဆိုရမှာဖြစ်ပါတယ်။ အနက်ရောင်စီးပွားရေးဟာ တိုင်းပြည်ထဲမှာရှိတဲ့ ဆင်းရဲ ချမ်းသာမရွေး လူတိုင်းအပေါ် အကောင်းအဆိုး သက်ရောက်မှုတွေ ရှိနေတယ်။ - ဒီစာအုပ်ထဲမှာ အိန္ဒိယနိုင်ငံမှာ အနက်ရောင်စီးပွားရေး ဘယ်လိုနဲ့ ဘာကြောင့် ကြီးထွားလာနေသလဲ၊ ကျွန်တော် တို့ရဲ့ အလားအလာရှိနေတဲ့ အောင်မြင်မှုတွေရဖို့အတွက် ဘယ်လိုအရာတွေက နောက်ဆွဲဟန့်နေသလဲ၊ တရားဝင် ငွေကြေးအဖြစ်မှ ရုပ်သိမ်းခြင်းအပါအဝင် အကျင့်ပျက်ခြစားနေတဲ့ နိုင်ငံရေးသမားတွေ၊ အစိုးရ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားမှ တာဝန်ရှိအစိုးရဝန်ထမ်းတွေ၊ အကျင့်ပျက်ခြစားမှုကို အားပေးတဲ့ စီးပွားရေးသမားတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့အစည်းတစ်ခုရဲ့ တည်ရှိမှုလျော့ပါးပျောက်ကွယ်စေဖို့ လုပ်ဆောင်ချက်တွေဟာဘာကြောင့် ထိရောက်မှုမရှိဖြစ်နေတာလဲ၊ အနက်ရောင်စီးပွားရေးကို အမြစ်ဖြတ်နိုင်ဖို့အတွက် ရေတို၊ ရေလတ်နဲ့ ရေရှည်မှာ ဘယ်လို ပြင်ဆင် ကုစားချက်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သင့်သလဲဆိုတာတွေကို ဆွေးနွေးထားပါတယ်။