Cart

ရေမျောကမ်းတင်

35000.00 MMK

Author: သက်ဆွေ
ID: #1452 Pages: 392

- ဤစာအုပ်သည် တရုတ်ဖြူကူမင်တန် ကျူးကျော်မှုနောက်ကွယ်က နိုင်ငံတကာ ဆက်ဆံရေး နှင့် သံတမန်ရေးရာ ပရိယာယ်များအပြင် စီအိုင်အေ၏ ခြေရှုပ်မှုများ ပါဝင်ကြသည့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံခေါင်းဆောင်များ၏ အကျင့်စရိုက် စိတ်နေသဘောထားများကိုပါ မကွယ် မဝှက် ဘက်မလိုက်ဘဲ လေ့လာ ဖော်ထုတ် ရေးသားထားသည့်စာအုပ် ဖြစ်သည်။ - တရုတ်ပြည် ပြည်တွင်းစစ်တွင် ကွန်မြူနစ်တပ်များကို ရှုံးနိမ့်ဆုတ်ခွာပြီး မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်လာသည့် တရုတ်အမျိုးသားတပ်မတော် ကူမင်တန်တပ်များနှင့် သူတို့၏တပ်မှူးများ၏ ဖြစ်စဉ်အစအဆုံးနှင့် ကွန်မြူနစ်ဆန့်ကျင်ရေးနှင့် တရုတ်ပြည် ပြန်လည် သိမ်းပိုက်ရေးကို ဗန်းပြပြီး အချုပ်အခြာအဏာပိုင်နိုင်ငံတစ်ခု၏ နယ်မြေနှင့် ပြည်သူလူထုကို စိတ်တိုင်းကျ အသုံးချကာ စီးပွားရေးလုပ်ငန်းကြီးတစ်ခုသဖွယ် လုပ်ချင်ရာ လုပ်ခဲ့ကြသည့် ကူမင်တန် တရုတ်ဖြူခေါင်းဆောင်များနှင့် နောက်ကွယ်က ပံ့ပိုးပေးသည့် အင်အားကြီးနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ဒုတိယအကြိမ် အရှက်တကွဲ အကျိုးနည်း ဖြစ်စေ သည့် လုပ်ရပ်များကို အတွင်းကျကျ ဖော်ပြထားသည်။ - ဤစာအုပ်တွင် စစ်အေးတိုက်ပွဲကာလတွင် အရှေ့နှင့်အနောက် အင်အားကြီးနိုင်ငံနှစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည့် လွတ်လပ်ရေးရပြီးခါစ နှစ်နှစ်သက်တမ်းသာရှိသေးသည့်၊ နုနယ်သေးသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များသည် ပြည်တွင်းသောင်းကျန်းမှုအရှိန် အမြင့်ဆုံး မြင့်တက်နေသည့်အကြားမှ ပြည်ပကျူးကျော်မှု ကို မည်ကဲ့သို့ ပါးပါးနပ်နပ် ကိုင်တွယ်ခဲ့ကြရသည်ကို အတွင်းကျကျ သိရမည်ဖြစ်သလို သံတမန်ရေးရာ အခန်းကဏ္ဍ နောက်ကွယ်က လှည့်ဖြားမှုများ ခြေရှုပ်မှုများကိုလည်း သိရမည်ဖြစ်သည်။ _Myanmar Heritage

အဆင့်နှင့်မှတ်ချက်များ

User reviews