12000.00 MMK
Author:
Mon Halsey
ID: #1079
Pages: 296
- စိတ်ဒဏ်ရာဆိုတာ လူတိုင်းမှာရှိပါတယ်။ ငယ်စဉ်ဘဝကတည်းက သေးငယ်တဲ့စိတ်ဒဏ်ရာတွေရှိသလို ဘဝတစ်ခုလုံးကို ရိုက်ချိုးဖျက်ဆီးနိုင်တဲ့ ကြီးမားတဲ့စိတ်ဒဏ်ရာတွေလည်းရှိတတ်ကြပါတယ်။ - စိတ်ဒဏ်ရာတွေကို အများအားဖြင့် ထရော်မာ (Trauma) လို့လည်းခေါ်ကြပါတယ်။ မကောင်းသော စိတ်အတွေးတွေ၊ အနုတ်သဘောဆောင်တဲ့စိတ်ခံစားမှု Negative Thoughts and Emotions တွေကို လိုအပ်တာထက်ပိုပြီး ထပ်ပြန်တလဲလဲ အလွန်အကျွံခံစားနေမိခြင်းဟာ တစ်စုံတစ်ခုသောအကြောင်းအရာနဲ့ ပတ်သက်ပြီး မိမိရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေရဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။ - ဒီလိုစိတ်ဒဏ်ရာတွေကြောင့် လူတွေဟာ ဘဝမှာ မပျော်ရွှင်တတ်တဲ့သူတွေဖြစ်လာတယ်။ အဆိုးမြင်တတ်တဲ့သူတွေဖြစ်လာတယ်။ မယုံကြည်တတ်တဲ့သူတွေ ဖြစ်လာတယ်။ အထီးကျန်တဲ့သူတွေ ဖြစ်လာကြတယ်။ - တစ်ယောက်နဲ့တစ်ယောက် ကြီးပြင်းလာပုံချင်း မတူသလို ကြုံဆုံခဲ့ရတဲ့အတွေ့အကြုံတွေ မိသားစုပတ်ဝန်းကျင်ဆီက သင်ယူခဲ့ရတဲ့အတွေးအခေါ်တွေနဲ့ ကိုယ်ပိုင်ခံစားမှုတွေကြောင့် စိတ်ဒဏ်ရာတွေရဲ့ သက်ရောက်မှုဟာ အနည်းနဲ့အများ ကွာခြားမှုရှိနေနိုင်ပေမဲ့ တကယ်တမ်းရှေ့ကိုဆက်သွားလို့မရတော့လောက်အောင် ပိတ်လှောင်သွားတတ်တာမျိုးကတော့ စိတ်ဒဏ်ရာတွေရဲ့ တူညီတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ - ဒါကြောင့် စိတ်ဒဏ်ရာတွေဆိုတာ လူတစ်ယောက်ရဲ့ဘဝနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေ၊ သူ့ရဲ့လမ်းကြောင်းတွေကို ပျောက်ကွယ်သွားစေနိုင်တဲ့ စိတ်ဝင်္ကပါတွေလို့ပဲပြောရမှာဖြစ်ပါတယ်။ - ဒီစာအုပ်လေးက စိတ်ပိုင်းဆိုင်ရာ ထောင်ခြောက်တွေကို အသိအမှတ်ပြုပြီး စိတ်လွတ်မြောက်ရာလမ်းကို ရှာဖွေဖို့ စာဖတ်သူကို အကောင်းဆုံးလမ်းပြပေးမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။