Cart

၄၀ မှာ စတဲ့ဘဝ

13000.00 MMK

Author: Mon Halsey
ID: #1262 Pages: 181

"မိမိဘ၀အတွက် ပိုမို အဓိပ္ပာယ်ရှိတဲ့လမ်းကြောင်းတစ်ခုကို ရှာဖွေဖို့ ကြိုးစားနေသူသက်လတ်ပိုင်း အမျိုးသမီးတွေအတွက် ဒီစာအုပ်ဟာ အဖော်ကောင်းတစ်ယောက်လို ဘေးနားမှာရှိနေပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်" - အသက် ၄၀ ကျော်ဆိုတာဟာ ဘ၀ရဲ့ အချိုးအကွေ့တစ်ခု Next Level တစ်ခုကိုစတင်ဖို့ အချိန်ပါပဲ။ ဒီအရွယ်မှာ အတိတ်ရဲ့အောင်မြင်မှုတွေ၊ အတွေ့အကြုံတွေကြောင့် ပိုမိုခိုင်မာလာတဲ့ ဘ၀ အခြေအနေတွေရှိသလို၊ တစ်ဖက်မှာတော့ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ရတဲ့အချိန်လည်း ဖြစ်ပါတယ်။ - တစ်ခါတလေ ငွေကြေး၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေနဲ့ ဘ၀ဟာပြည့်စုံတယ်လို့ထင်ရပေမဲ့ တကယ်တမ်းမှာအေးချမ်းစွာပျော်ရွှင်မှုကိုမရရှိနိုင်တဲ့ အချိန်တွေလည်းရှိနေတတ်တယ်။။ ဘ၀ရဲ့ ဖရိုဖရဲ အခြေအနေတွေကြားမှာ ကိုယ့်ကိုယ်ကိုယ်တောင် ထိန်းချုပ်ဖို့ခက်ခဲနေတတ်တယ်။ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ရန်ဖြစ်နေတတ်တယ်။ ဘ၀မှာအပြောင်းလဲတွေအများကြီး ရင်ဆိုင်နေရချိန်ဖြစ်တယ်။ - အသက် ၄၀ ကျော်လာတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံး လာသလိုခံစားနေရတယ်ဆိုရင် ဒါဟာ သဘာဝကျတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ “၄၀ မှာ စတဲ့ဘ၀” စာအုပ်က ဒီလို ဒီလိုလုပ်ပါလို့ ဆရာလုပ်ထားတာမဟုတ်ဘူး။ စာရေးသူ ကိုယ်တိုင်လည်း ဒါတွေဖြစ်ခဲ့တယ်၊ ကြုံခဲ့တယ်၊ ခံစားခဲ့ရဖူးတယ်ဆိုတဲ့အကြောင်းတွေကို ဝေမျှထားတာဖြစ်တယ်။ ဒီစာအုပ်က Midlife Crisis ခံစားနေရတဲ့ အသက် ၃၈ နှစ်ကနေ ၆၅ အတွင်း သက်လတ်ပိုင်း အမျိုးသမီးတွေဖတ်ဖို့ ရည်ရွယ်ပါတယ်။ - မွန်​ဟော်စီ

အဆင့်နှင့်မှတ်ချက်များ

User reviews