8000.00 MMK
Author:
မြသန်းတင့်
ID: #1103
Pages: 223
- "မည်သည့်အင်အားစုများက လူ့အဖွဲ့အစည်းကြီးကို မောင်းနှင်နေကြသနည်း။ လူမှုဖြစ်ပေါ်တိုးတက်မှုသည် မည်သည့်ဥပဒေသများအရ ဖြစ်ပေါ်တိုးတက်နေရသနည်း။ - ဤမေးခွန်းများကို သမိုင်းဆိုင်ရာရုပ်ဝါဒက ဖြေဆိုပေသည်။ ထို့ကြောင့် မောင်းနှင်ရေးအင်အားစု၏ ယေဘုယျသဘောတရားနှင့် လူမှုဖြစ်ပေါ်တိုးတက်မှု၏ ဥပဒေသများကို ပြဆိုသည့် စာတမ်းကို သမိုင်းအား ရုပ်ကျစွာ ကြည့်မြင်ခံယူချက် (သို့) သမိုင်းဆိုင်ရာရုပ်ဝါဒ ဟု ခေါ်ပေသည်။ - လူတို့၏ နေ့စဉ်ပြဿနာများကို ဖြေရှင်းရာ၌ ရုပ်ဝါဒကျသော လောကအမြင်ကို ဟပ်ယူလိုက်သောအခါ သမိုင်းဆိုင်ရာရုပ်ဝါဒဟူ၍ ဖြစ်ပေါ်လာသည်” - ဝတ္ထုမဟုတ်တဲ့ ကျမ်းစာအုပ်ငယ်တစ်အုပ်ဖြစ်ပြီး ခေတ်အဆက်ဆက် ဝါဒ၊ အဘိဓမ္မာတွေ တိုးတက်ဖြစ်ထွန်း ပြောင်းလဲလာတိုင်း နှိုင်းယှဉ်ချိန်ထိုး လေ့လာရမယ့် စာအုပ်တစ်အုပ်လို့ ဆိုချင်ပါတယ်။