Cart

အိပ်မက်ဆက်ကြိုး

26000.00 MMK

Author: ပုညခင်
ID: #1114 Pages: 574

"ချစ်ခြင်းဆိုတာကလည်း အတူရှိနေမှ ထားရှိနိုင်တာမျိုးမဟုတ်ပါဘူး အရှင်မ၊ အရှင်မရဲ့ ကံကြမ္မာနိမ့်သည်ဖြစ်စေ၊ မြင့်သည် ဖြစ်စေ ကျုပ်ရဲ့ချစ်ခြင်းမေတ္တာကတော့ အရှင်မနဲ့အတူ ရှိနေဦးမှာပါ" "သို့ လူစီ ကမ္ဘာ့အစောဆုံး ရှေးဦးမိန်းမသားကျောက်ဖြစ်ရုပ်ကြွင်းရဲ့နာမည်က လူစီ (Lucy)တဲ့။ ခင်ဗျားဟာ ကျွန်တော့်အတွက်တော့ လူစီပါပဲ။ ခင်ဗျားနာမည် ဘယ်လိုပဲရှိရှိ ကျွန်တော်ကတော့ ခင်ဗျားကို လူစီ လို့ပဲခေါ်မယ်။ သို့ နီယို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃ သန်းကာလက နီယိုဂျင်း (Neogene) ကာလ အစပြုခဲ့သတဲ့။ ကျွန်မတို့ လူသားတွေ စတင်ပေါ်ပေါက်ခဲ့တဲ့ကာလဟာ နီယိုဂျင်းကာလပဲ။ ရှင့်နာမည် ဘယ်လိုပဲရှိရှိ ကျွန်မကတော့ ရှင့်ကို နီယို လို့ပဲခေါ်မယ်" - အတိတ်ကာလက သက်ဝင်လှုပ်ရှားခဲ့တဲ့ ပျူမြို့ဟောင်းကို အ​ခြေတည်​ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး - - သင်္ခဒီပနဲ့ မဏိပန်ထွာ၊ နီယိုနဲ့ လူစီ ဆိုတဲ့ ဇာတ်​ကောင်​တွေရဲ့ မေတ္တာတရား၊ သစ္စာတရား၊ အတိတ်​ခေတ်ကာလနဲ့ ပစ္စုပ္ပန်ကာလတို့ရဲ့ ချိတ်ဆက်မှု​တွေနဲ့အတူ စိတ်ဝင်စားဖွယ်ဖတ်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews