Cart

ရွှေဖူးစာလေးချာလည်လည်

8000.00 MMK

Author: ပုညခင်
ID: #921 Pages: 273

"တစ်ခါတုန်းက ကျွန်မ ဒေါက်မြင့်ဖိနပ်နဲ့ လမ်းလျှောက်ရင်း ဖိနပ်ခွာတစ်ဖက် ပြုတ်ထွက်ခဲ့ဖူးတယ်။ ခွာရှိတဲ့ ဖိနပ်တစ်ဖက်နဲ့ ခွာမရှိတဲ့ ဖိနပ်တစ်ဖက်ကို ပြိုင်တူစီးပြီးလမ်းလျှောက်တော့ ညီသွားအောင် နိမ့်တဲ့ဘက်ကို ခြေဖျားထောက်ပြီး လျှောက်ရတယ်။ တစ်ဖက်က ခြေဖျားထောက်လို့ ညီသွားတယ်လို့ ထင်ရပေမဲ့ အဲဒီလိုညီဖို့ ခြေဖျားထောက်ထားရတဲ့ ခြေထောက်ကလေးက အရမ်းပင်ပန်း နာကျင်ရတယ်။ ကျွန်မ တစ်သက်လုံး ခြေဖျားထောက်ပြီး လမ်းမလျှောက်ချင်တော့ဘူး" - သော်ဒီနေ၊ အံ့မင်းဒင်၊ ရွေးရွေးယဥ်ဆိုတဲ့ လူငယ်သုံးဦးကို အခြေတည်ရေးဖွဲ့ထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ - ဆယ်ကျော်သက်အရွယ်မှာ အမှတ်မထင် ဆုံစည်းမိကြပြီး နှစ်အနည်းငယ်အကြာမှာ ပြောင်းလဲသွားတဲ့ ပြောင်းလဲမှုတွေ၊ ဘဝရဲ့ နိမ့်မြင့်တက်ကျအနေအထားတွေကြားမှာ မထင်မှတ်ဘဲ ဖြစ်တည်လာတဲ့ ဆန်းကြယ်တဲ့ ချစ်ခြင်းတရားအကြောင်းကို ပျော်ရွှင်ဖွယ်၊ ရင်နင့်ဖွယ် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ဖတ်ရှုရပါမယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews