15000.00 MMK
Author:
စည်သူ (Zero to Professional)
ID: #1146
Pages: 228
"စတော့ရှယ်ယာအကြောင်း ဘာမှနားမလည်သော အခြေခံအဆင့်မှ ပရော်ဖက်ရှင်နယ်တစ်ယောက်ကဲ့သို့ အရောင်းအဝယ်လုပ်နိုင်သော အဆင့်ထိရေးသားထားသောကြောင့် ယခုစာအုပ်တွင်ပါဝင်သောအခန်းများကို အစီစဉ်အတိုင်း ဖတ်သွားစေလိုပါသည်။ စာအုပ် တစ်အုပ်လုံးဖတ်ပြီးသွားသည့်အခါ သင့်အနေဖြင့် နိုင်ငံတကာစတော့ရှယ်ယာစျေးကွက်တွင် ပရော်ဖက်ရှင်နယ်ကျကျ ရင်းနှီးမြှုပ်နှံနိုင်သွားမှာဖြစ်ပါသည်" လို့ စာရေးသူက အမှာစာမှာ ဆိုထားပါတယ်။ - စတော့ရှယ်ယာဆိုတာဘာလဲ၊ စတော့ရှယ်ယာရောင်းထုတ်တဲ့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဆိုင်ရာ အခြေနေတွေ ကောင်းမကောင်း၊ အကြွေးများခြင်း ရှိမရှိ၊ ကုမ္ပဏီထဲသို့ စီးဝင်လာတဲ့ Cashflow တွေ၊ ရောင်းရငွေ Revenue တွေနဲ့ အမြတ်ငွေတွေကို သိရှိနိုင်ဖို့ Website တွေထဲက Income Statement, Cash Flow, Balance Sheet တွေ ရှာဖွေဖတ်ရှုခြင်းတို့ကို ရုပ်ပုံနဲ့တကွ ဖော်ပြပေးထားပြီး စီးပွားရေးနဲ့ပတ်သက်တဲ့ ဘောဂဗေဒပညာရပ်ဆိုင်ရာစကားလုံးတွေကိုလည်း အတတ်နိုင်ဆုံး နားလည်လွယ်အောင်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။