Cart

ငြင်းဆိုခြင်း အတတ်ပညာ

9000.00 MMK

Author: ထက်မြတ်နိုင်ဇင်
ID: #1168 Pages: 112

"ကိုယ့်ရဲ့ ဖြစ်တည်မှုကို ထိပါးစေမယ့်၊ ကိုယ့်ရဲ့ အခွင့်အရေးကို ဆုံးရှုံးစေမယ့် ကိစ္စရပ်တွေမှာ ပြတ်ပြတ်သားသား ငြင်းဆိုတတ်ဖို့ဟာ ဘဝမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေထဲက တခုပါ" - ငြင်းဆိုခြင်းအတတ်ပညာ စာအုပ်က ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ ရေးထားတာ မဟုတ်ဘူး။ ပိုပြီး ပြတ်သားနိုင်ဖို့၊ ယဉ်ကျေးစွာ ငြင်းဆိုနိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိရှိ ရှေ့ဆက်နိုင်ဖို့ ရည်ရွယ်တယ်။ - ငြင်းဆိုခြင်းဟာ ရန်လိုခြင်း မဟုတ်ပါဘူး။ ယုံကြည်စိတ်အပြည့်နဲ့ ပြတ်သားနိုင်ခြင်းသာ ဖြစ်ပါတယ်။ ရန်လိုခြင်းက ကိုယ့်ဆန္ဒကို အကောင် အထည် ဖော်လိုစိတ်တခုတည်းနဲ့ တကိုယ်ကောင်းဆန်စွာ ပြုမူလိုက်ခြင်း ဖြစ်ပြီး ပြတ်သားခြင်းက တပါးသူကို မထိခိုက်စေဘဲ ကိုယ်ပိုင်ဆန္ဒကို ထုတ်ဖော်ပြသခြင်းပဲ။ - လုပ်ငန်းခွင်မှာ၊ မိတ်ဆွေတွေအကြားမှာ၊ သားသမီးနဲ့ မိဘအကြားမှာ၊ ဆွေမျိုးတွေအကြားမှာ ငြင်းဆိုရခြင်းတွေဟာ မလွဲမသွေ ရင်ဆိုင်ရမယ့် ကိစ္စရပ်တခုပါ။ - ငြင်းဆိုခြင်းအတတ်အပညာ စာအုပ်မှာ ဘယ်လိုနေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ နှစ်ဦးနှစ်ဖက် မထိခိုက်စေဘဲ ငြင်းဆိုရမလဲ ဆိုတာကို အပိုင်း ငါးပိုင်းနဲ့ လမ်းညွှန်ပေးထားပါတယ်။ - ကိုယ်မတတ်နိုင်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ငြင်းဆိုရမှာ အားနာဝန်လေးစိတ် ဖြစ်နေသူတို့အတွက် ငြင်းဆိုခြင်း အတတ်ပညာဟာ မဖြစ်မနေ တတ်မြောက်ထားသင့်တဲ့ ပညာရပ်တခုပဲ ဖြစ်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews