Cart

ငါ့ကိုယ်ငါ ပြောင်းလဲခြင်း

15000.00 MMK

Author: အံ့ဘုန်းခန့်ကျော်
ID: #1057 Pages: 348

ကိုယ့်ကမ္ဘာငယ်လေးကိုပဲ လှပအောင် မိမိကိုယ်တိုင် ဖန်တီးပြုပြင်လိုက်မယ်ဆိုရင် တခြားကမ္ဘာငယ်လေးတွေအားလုံးလည်း ကိုယ်စီလှပလာပါလိမ့်မယ်။ ဒီတော့ “ငါ့ကိုယ်ငါပြောင်းလဲဖို့” လိုပါတယ်။ - ဒီစာအုပ်ဖတ်ပြီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မေးတတ်လာလိမ့်မယ်။ "နေ့တိုင်း ငါဘာတွေလုပ်နေသလဲ။ ပြီးတော့ ငါ ဘာတွေပြောင်းလဲဖို့ လိုပြီလဲ"။ - ဒီလို ကိုယ့်ကိုယ်ကိုယ် မေးတတ်လာတဲ့အခါ ကိုယ့်မှာ ပညာရေးအားနည်းနေရင် စိတ်ပူစရာမလိုပါဘူး။ Self-educated ဖြစ်လာဖို့ ဒီစာအုပ်က လမ်းညွှန်ပေးပါလိမ့်မယ်။ - ဘာကြောင့်လဲဆိုတော့ ဘဝဆိုတာ မကုန်ခန်းနိုင်တဲ့ သင်ခန်းစာတွေ နေ့စဥ်ပေးနေတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပညာတတ်တစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့လိုအပ်တယ်။ - ဆင်းဆင်းရဲရဲမွေးလာခဲ့တာ ကိုယ့်အပြစ်မဟုတ်ပေမဲ့ တစ်သက်လုံးဆင်းဆင်းရဲရဲနေသွားတယ်ဆိုရင်တော့ ဒါဟာ ကိုယ့်အပြစ်ပါပဲ။ ဒါကြောင့် အနာဂတ်မှာ ပိုကောင်းမွန်တဲ့ ဘဝတစ်ခုဖြစ်လာ‌အောင် ဘယ်လိုစီးပွားရေးတွေမှာ ပိုပြီးရင်းနှီးမြှုပ်နှံသင့်သလဲ။ ငွေကို ဘယ်လိုစီမံခန့်ခွဲသင့်သလဲ။ ငွေကြေးပြည့်စုံခြင်းဟာ လူရာဝင်ခြင်းတစ်မျိုးပဲ။ ဒါကြောင့် ငွေရှိဖို့လိုတယ်။ - ဘဝပျော်ရွှင်မှုဆိုတာ ငွေကြေးတစ်ခုတည်းအပေါ်မှာ မှီတည်နေတာ မဟုတ်ပါဘူး။ ကျန်းမာရေးကောင်းမွန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုရှိနေမှ စစ်မှန်တဲ့ပျော်ရွှင်မှုက တကယ်ရမှာပါ။ စစ်မှန်တဲ့ပျော်ရွှင်မှုက Inner World မှာပဲ အမှန်တကယ်ရှိနေတာပါ။

အဆင့်နှင့်မှတ်ချက်များ

User reviews