14000.00 MMK
Author:
အံ့ဘုန်းခန့်ကျော်
ID: #1042
Pages: 185
"လူဘဝရဲ့ အရေးတကာ့အရေးကြီးဆုံးအရာတွေထဲမှာ ခံနိုင်ရည်ရှိဖို့လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက် အဆိုးလောကဓံနဲ့ကြုံဆုံရလို့ ပြိုလဲသွားတဲ့အခါ ခံနိုင်ရည်မရှိတော့လို့ ဆိုပြီး သတ်မှတ်ကြတယ်။ ဒါလည်း မှန်တာပါပဲ။ ဒါပေမဲ့ လူတစ်ယောက်ရဲ့လက်ထဲကို အကောင်းတွေချည်းအားလုံး ထည့်ပေးလိုက်တယ်။ အဲဒီအကောင်းတွေအပေါ်မှာ မူးယစ်ပြီး မိုးမမြင်၊ လေမမြင် မာန်တက်သွားခြင်းဟာလည်း ခံနိုင်ရည်မရှိလို့ပါပဲ" - ခေတ်သစ်လူမှုအသိုင်းအဝိုင်းအတွက် အရေးကြီးလာတဲ့ "ခံနိုင်ရည်စိတ်ဓာတ်နဲ့ပတ်သက်လို့ အတွေးအမြင်တွေနဲ့ အတွေ့အကြုံတွေအကြောင်း အဓိကရေးသားထားတဲ့စာအုပ် ဖြစ်ပါတယ်။ - ခေတ်သစ်လူမှုဘဝမှာ ကြုံလာရတဲ့ လောကဓံမျိုးစုံ၊ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို သတ္တိရှိရှိ ဘယ်လိုရင်ဆိုင်မလဲ၊ အဓိပ္ပာယ်ရှိတဲ့ဘ၀တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ၊ ကိုယ့်ရဲ့နေ့စဉ်ဘ၀ကို စိတ်အေးချမ်းတည်ငြိမ်စွာနဲ့ဖြတ်သန်းနိုင်ဖို့ ဘယ်လို တည်ဆောက်မလဲ စတာတွေနဲ့ပတ်သက်ပြီး ဖတ်ရှုရပါမယ်။