Cart

Wise Attention

15000.00 MMK

Author: အံ့ဘုန်းခန့်ကျော်
ID: #1482 Pages: 219

“လောကဓံကို ရင်ဆိုင်နိုင်မယ့် မှန်ကန်တဲ့ နှလုံးသွင်းဆင်ခြင်ခြင်းအကြောင်း” - ဘဝဆိုတာ အကောင်းအဆိုး နှစ်မျိုးရောပြွမ်းနေတဲ့ ဆိုရှယ်ပလက်ဖောင်းတစ်ခုလိုပါပဲ။ အကောင်းလည်း ကြုံရမယ်။ အဆိုးလည်း ကြုံရမယ်။ အကောင်းဘက်မှာချည်း တမေ့တမြော ယစ်မူးနေတဲ့သူတွေဟာ အဆိုးလောကဓံနဲ့ တွေ့ကြုံတဲ့အခါ စိတ်ထောင်းကိုယ်ကြေအဖြစ်နဲ့ ဘဝတွေကျိုးကြေကုန်ကြတယ်။ - လောကဓံဆိုတာ ဘုရား၊ ရဟန္တာတွေတောင် ရှောင်လွှဲလို့ မရနိုင်တဲ့အရာပါ။ ရှောင်လွှဲလို့ မရတဲ့လောကဓံကြီးကို "ငါ့ကျမှဖြစ်ရလေခြင်း" လို့ မိမိကိုယ်ကို အပြစ်တင်နေခြင်းဟာ မှန်ကန်တဲ့နှလုံးသွင်းဆင်ခြင်မှု မဟုတ်ဘူး။ - Wise Attention ရှိတဲ့သူတွေကျတော့ ဘဝမှာ မုချကြုံဆုံရမယ့် လောကဓံ လှိုင်းလုံးတွေကို "နင်လားဟဲ့ လောကဓံ" ဆိုပြီး စိန်မခေါ်ဘူး။ ပြီးတော့ ရှောင်ပုန်းပြီးတော့လည်း မနေဘူး။ ဘဝကို တည့်တည့်ရှုမြင်တတ်တဲ့ အသိဉာဏ်နဲ့ပဲ ဆင်ခြင်သုံးသပ်ပြီးနေကြတယ်။ ဘဝရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းဟာ ဘဝကို တည့်တည့်ရှုမြင်တတ်တဲ့ အသိဉာဏ်ပဲ ဖြစ်တယ်။ - လောကဓံဟာ လူရယ်လို့ ဖြစ်လာကတည်းက ပြားစေ့ရဲ့ ခေါင်းနဲ့ ပန်းလို တွဲကပ်ပါပြီးသား။ ဒါဟာ ကျွန်တော်တို့ လူသားတွေ ရှောင်လွှဲလို့ မရတဲ့ လူဖြစ်ရခြင်းရဲ့ အကျိုးဆက်ပဲလေ။ ဒီတော့ ရင်ဆိုင်ကျော်ဖြတ်ဖို့ပဲ ရှိတယ်။ - လောကဓံလို့ ပြောလိုက်ရင် လူတွေဟာ အဆိုးဘက်ချည်း ပြေးမြင်တတ်ကြတယ်။ တကယ်တော့ ဘဝမှာ အကောင်းတွေနဲ့ ကြုံဆုံခဲ့တုန်းကလည်း လောကဓံပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အများစုဟာ လူတွေရဲ့ လက်ခုပ်သံတွေကြားမှာ သာယာယစ်မူးရင်း အဆိုးလောကဓံကို ရင်ဆိုင်ဖို့ မေ့လျော့သွားကြတယ်။ တကယ်တမ်း ကိုယ့်ကို အလွန်အမင်း ချီးကျူးဂုဏ်ပြုခဲ့တဲ့သူတွေကပဲ သူတို့ရဲ့ အထင်အမြင်တွေနဲ့ လမ်းခွဲထွက်သွားတဲ့အခါ ပိုးစိုးပက်စက် ထိုးနှက်ကြတာ မဟုတ်လား။ - အဲဒီတော့မှ ကျွန်တော်တို့ဟာ လောကဓံနဲ့ တွေ့ရပြီလို့ ထင်တာ။ ဒါဟာ သဘာဝတရား။ ဒါဟာ လောကနိယာမ တစ်ခုလို့ ယောင်ပြီးတောင် မစဥ်းစားမိကြဘူး။ ဘုရား၊ ရဟန္တာတွေတောင် ဒီလောကဓံလှိုင်းလုံးတွေနဲ့ မကင်းလွတ်ကြပါဘူး။ - ဒါပေမဲ့ ဘဝကို Wise Attention နဲ့ နှလုံးသွင်းဆင်ခြင်နေတာ ဆိုတော့ စိတ်ဓာတ်ပျက်ပြား ယိုင်ယိမ်းတာတွေ မဖြစ်တော့ဘူးပေါ့။ တည်ငြိမ်အေးချမ်းတဲ့ စိတ်နှလုံးနဲ့ ဘဝကို ဖြတ်သန်းသွားကြတယ်။ ဒါကြောင့် ဘဝမှာ Wise Attention ဖြစ်ဖို့ သိပ်အရေးကြီးတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews