13000.00 MMK
Author:
ဟိန်းဇော်
ID: #1075
Pages: 213
- ဒီစာအုပ်မှာ ငွေရှာခြင်း (Making Money)၊ ငွေကြေးစီမံခန့်ခွဲမှု (Managing Money) နဲ့ ကြွယ်၀မှုစိတ်ထား (Wealth Mindset) ဆိုပြီး အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ - Earned Income၊ Portfolio Income၊ Passive Income စတဲ့ ငွေရှာနည်းတွေအကြောင်း၊ ထိရောက်တဲ့ Personal Budget ရေးဆွဲနည်း၊ အခြေခံနားလည်ထားသင့်တဲ့ Cash Flow ပုံစံတွေ၊ Assets နဲ့ liabilities တွေ ကိုနားလည်သဘောပေါက်ခြင်း၊ ငွေစုခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခြေခံတွေ၊ ချမ်းသာကြွယ်၀မှုအတွက် ထားရှိရမယ့် စိတ်နေစိတ်ထားနဲ့ အလေ့ထတွေအကြောင်း စသဖြင့် ဖတ်ရှုရမှာဖြစ်ပါတယ်။ - အဓိကအားဖြင့်တော့ ငွေကြေးအသိပညာအခြေခံတွေအပြင် ငွေကြေးအပေါ်အမြင်သဘောထား၊ ငွေကြေးဆိုင်ရာလေ့အထနဲ့ စိတ်နေစိတ်ထားတွေရဲ့ အရေးပါမှုကိုပါ ချဉ်းကပ်ထားတဲ့ စာအုပ်လို့ပြောလို့ရပါတယ်။ - ငွေကြေးအကျပ်အတည်းကင်းလိုသူတွေ၊ တစ်ခုမကတဲ့ ဝင်ငွေလမ်းကြောင်းတည်ဆောက်လိုသူတွေ၊ ငွေကြေးစီမံခန့်ခွဲမှုကို နားလည်ကျွမ်းကျင်လိုသူတွေ၊ Financial Independence၊ Financial Freedom အိပ်မက်ရှိသူတွေ၊ Financial Literacy/ Personal Finance ကို လေ့လာလိုသူတွေ ဖတ်သင့်တဲ့စာအုပ်တစ်အုပ် ဖြစ်ပါတယ်။