16000.00 MMK
Author:
ဟိန်းဇော်
ID: #1463
Pages: 210
- လူအများစု ငွေကြေးကျပ်တည်းနေတာက ငွေရှာနိုင်တဲ့ကျွမ်းကျင်မှုမရှိလို့မဟုတ်ဘဲ ငွေကြေးဉာဏ်ရည်၊ ငွေကြေးအသိပညာ အားနည်းလို့ဖြစ်ပါတယ်။ - တချို့ နယ်ပယ်အလိုက် ကျွမ်းကျင်မှုတွေ၊ အရည်အချင်းတွေရှိတယ်။ အဲဒီကျွမ်းကျင်မှုနဲ့ ဝင်ငွေပိုရအောင်ဘယ်လိုဖန်တီးမလဲ မသိဘဲဖြစ်နေတယ်။ တချို့ ဝင်ငွေကောင်းတယ်။ ဒါပေမဲ့ ရှာထားတဲ့ငွေကို သေချာစီမံမှု မလုပ်နိုင်တာ၊ အသုံးအစွဲစည်းကမ်း အားနည်းတာ၊ ရှိထားတဲ့ငွေကို ပွားအောင်မလုပ်တတ်တာကြောင့် ကြွယ်၀သင့်သလောက် မကြွယ်၀ဘူး။ - တချို့ကျတော့ ငွေကြေးတိုးပွားစေမယ့် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေတော့လုပ်တယ်၊ မှန်ကန်တဲ့ ခံယူချက်၊ မှန်ကန်တဲ့သုံးသပ်နိုင်စွမ်းနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ မလုပ်နိုင်တဲ့အခါ အကျိုးစီးပွားဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းတာတွေရှိတယ်။ - ဘ၀မှာ ငွေကြေးပူပန်မှုကင်းကင်းနဲ့ ဖြတ်သန်းနိုင်ဖို့ဆိုရင် အလုပ်ရှိရုံ၊ ငွေရှာတတ်ရုံနဲ့တင် မလုံလောက်ဘဲ ငွေကို စနစ်တကျစီမံတတ်ဖို့ အရေးကြီးပါတယ်။ - ဆိုလိုတာက ငွေကို စည်းကမ်းတကျ သုံးစွဲမှု၊ တစိုက်မတ်မတ်စုဆောင်းရင်းနှီးမြှုပ်နှံမှု၊ မှန်ကန်တဲ့ ငွေကြေးဆိုင်ရာအမြင်နဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း စတာတွေ အရေးကြီးပါတယ်။ အဲဒီအတွက်ဆိုရင်တော့ Financial Intelligence၊ Financial Literacy လိုပါတယ်။ ကိုယ့်က ငွေကြေးဉာဏ်ရည်၊ ငွေကြေးအသိပညာ အားနည်းရင် ကိုယ်ရှာထားတဲ့ငွေတွေဟာ လွယ်လွယ်နဲ့ပဲ ပျောက်ပျက်သွားနိုင်ပါတယ်။ - ဒီစာအုပ်မှာ Money Habit၊ Making Money၊ Managing Money ဆိုပြီး အပိုင်းသုံးပိုင်း ပါဝင်ပါတယ်။ ငွေကြေးဆိုင်ရာခံယူချက်နဲ့ ငွေကြေးအလေ့ အကျင့်တွေ၊ ငွေရှာနည်းနဲ့ Passive Income လမ်းကြောင်းတွေ၊ ငွေကြေးစီမံခန့်ခွဲမှု၊ ငွေစုနည်း၊ ငွေပွားနည်းနဲ့ ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာတွေအကြောင်းတွေအပြင် အနာဂတ်အတွက်ငွေကြေးကြွယ်၀မှုတည်ဆောက်တာနဲ့ပတ်သက်ပြီး မဖြစ်မနေနားလည်ထားသငိ့တဲ့ အခြေခံအချက်တွေကိုပါ လေ့လာဖတ်ရှုရမှာဖြစ်ပါတယ်။