Cart

တိမ်မြုပ်နေသောစွမ်းရည်

19500.00 MMK

Author: မျိုးလွင် (MBA)
ID: #1418 Pages: 290

“သင်ဘယ်နေရာက စသလဲဆိုတာ အရေးမကြီးပါဘူး၊ သင်ဘယ်လောက်ဝေးဝေး သွားသလဲဆိုတာကပဲ ပိုအရေးကြီးပါတယ်" - ကျွန်တော်တို့အားလုံးမှာ တိမ်မြုပ်နေတဲ့ စွမ်းရည်တွေ၊ အစွမ်းအစတွေ၊ အလားအလာ ကောင်းတွေရှိနေကြပါတယ်။ ဒီအားသာချက်တွေကို ဘယ်လိုသိအောင်လုပ်မလဲ၊ ဘယ်လိုအသုံးချမလဲ ဆိုတဲ့အပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် အခြေအနေတွေကွဲပြား ခြားနားသွားကြတာ ဖြစ်ပါတယ်။ - လူတွေရဲ့အရည်အချင်းဟာ မွေးရာပါဖြစ်တယ်၊ တစ်သက်တာမပြောင်းတော့ဘူးဆိုတဲ့ အယူအဆမှားယွင်းမှုကြောင့် အကျိုးဆက်တွေကလည်း အမျိုးမျိုးဖြစ်နေကြတာဖြစ်ပါတယ်။ အရည်အချင်းဆိုတာ တိုးတက်အောင်အမြဲတမ်းလုပ်ယူလို့ရတယ်။ သင်ယူလေ့လာလို့ရတယ်ဆိုတဲ့အကြောင်း ဒီစာအုပ်ထဲမှာ အခိုင်အမာဆိုထားပါတယ်။ - လူအများအပြားဟာ Comfort Zone ဆိုတဲ့သက်သောင့်သက်သာ နယ်မြေလေးမှာပဲ သာယာနေကြပါတယ်။ ရုန်းထွက်ရမယ်၊ အပြောင်းအလဲကိုကြိုက်ရမယ်၊ သင်ယူလေ့လာရမယ်၊ သင်ယူလေ့လာတဲ့အခါမှာ စိတ်ကသိကအောက်ဖြစ်မယ်။ ဒါတွေကို လက်ခံရမယ်ဆိုတာတွေကို တိုက်တွန်းထားတာဖြစ်ပါတယ်။ - ဒီစာအုပ်က ၂၀၂၃ နှစ်က ထွက်တဲ့စာအုပ်ဖြစ်တော့ သုတေသနရလဒ်တွေ၊ အတွေးအခေါ်တွေကလည်း တော်တော်လေးခေတ်မီတယ်၊ နောက်ဆုံးပေါ်တွေဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews