14500.00 MMK
Author:
ဟိန်းဇော်
ID: #1443
Pages: 203
"ရင်းနှီးမြှုပ်နှံမှုအားလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြှုပ်နှံခြင်းက အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲ" - ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြှုပ်နှံခြင်း (Investing In Yourself) ဆိုတာ အလုပ်၊ စီးပွားရေးနဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေအတွက်တင်မကပါဘူး။ ကိုယ့်ရဲ့ကျန်းမာရေး၊ ပျော်ရွှင်မှု၊ ပေါင်းသင်းဆက်ဆံရေး စတာတွေအတွက်လည်း အရေးကြီးတာပါပဲ။ - ပိုကောင်းတဲ့အနာဂတ်ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်ရဲ့အချိန်၊ ငွေကြေး၊ Energy တွေကို အရင်းအနှီးပြုပြီး ရင်းနှီးမြှုပ်နှံဖို့ အရေးကြီးပါတယ်။ - တစ်နည်းအားဖြင့် ပိုကောင်းတဲ့ အနာဂတ်ကိုရဖို့အတွက် ကိုယ်တိုင်တိုးတက်ပြောင်းလဲနေဖို့လိုပါတယ်။ အရေးကြီးတာက ပုံမှန်တိုးတက်ပြောင်းလဲဖို့အတွက် လေ့လာမှုတွေ၊ လေ့ကျင့်မှုတွေနဲ့ တစိုက်မတ်မတ်တည်ဆောက်သွားဖို့ပဲ။ နှေးတာက ပြဿနာမဟုတ်ဘူး၊ ရပ်မနေဖို့နဲ့ လုပ်လိုက်မလုပ်လိုက် ကောက်ရိုးမီးမဖြစ်ဖို့ပဲ လိုတယ်။ - ဒီစာအုပ်မှာ Personal Development နဲ့ Career Development အပိုင်းနှစ်ပိုင်း ပါဝင်ပြီး အဓိကအားဖြင့် ကိုယ့်ရဲ့အလုပ်နဲ့ ဘ၀မှာတိုးတက်ပြောင်းလဲဖို့၊ အသက်မွေးဝမ်းကျောင်းနဲ့ ဝင်ငွေဖန်တီးမှုမှာ နောက်တစ်ဆင့်မြှင့်တင်ဖို့အတွက် ဝေမျှမှုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။