8000.00 MMK
Author:
မဧကံ
ID: #1171
Pages: 168
- ကေတီဗီမှာ အလုပ်လုပ်ရတဲ့ ရဲနွယ်လွင်ဆိုတဲ့ မိန်းမပျိုတစ်ယောက်ဟာ ဖွဲ့နှောင်မှုအမှားတွေကြောင့် ကိုယ်ဝန်ရသွားခဲ့တယ်။ - မိဘဆွေမျိုးမရှိ၊ ကျောထောက်နောက်ခံကင်းမဲ့နေပေမယ့် မိခင်မေတ္တာကိုရှေ့တန်းတင်ပြီး သူ လွယ်ထားရတဲ့ကလေးကို မွေးဖြစ်အောင်မွေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ရဲနွယ်လွင်ဟာ ရှမ်းပြည်နယ်ထဲက ဂေဟာတစ်ခုဆီကို မျှော်လင့်ချက်များစွာနဲ့ ရောက်သွားခဲ့တယ်။ - သို့ပေမဲ့ သူ ခိုလှုံဖို့ အားကိုးတကြီးနဲ့ ရောက်လာမိတဲ့ ဂေဟာကြီးဟာ လျှို့ဝှက်ချက်တွေပြည့်နှက်နေတဲ့ ဂေဟာကြီးတစ်ခု ဖြစ်နေတယ်။ - ဒီဂေဟာကြီးထဲမှာ ဘယ်လို သည်းထိတ်ရင်ဖိုတွေကို ရဲနွယ်လွင် ရင်ဆိုင်ဖြတ်သန်းရမှာလဲ။ သူ့ဘဝရဲ့အချိုးအကွေ့၊ သူ့ဘဝရဲ့ ရှေ့ဆက်ရမယ့်အနာဂတ်က စာဖတ်သူကို ဘယ်လိုဘယ်ပုံ ဆွဲဆောင် ဖမ်းစားဦးမှာလဲ။ ဖတ်ကြည့်နိုင်ဖို့ လက်တို့ ညွှန်းဆိုလိုက်ပါတယ် စာချစ်သူမိတ်ဆွေများ . . . ။