Cart

လူမိုက်၊ လူတော်၊ ပညာရှိ

9000.00 MMK

Author: တူဒေးအယ်ဒီတာအဖွဲ့
ID: #1174 Pages: 195

"လူမိုက်တို့သည် ကြီးပွားခြင်းသို့ ဖြတ်လမ်းမှသွားကြ၏။ လူတော်တို့မှာမူ စည်းစနစ်ကျသော လမ်းကြောင်း ဖြင့် ကြီးပွားလိုကြ၏။ ပညာရှိတို့သည်ကား ဘဝတွင် ကျေနပ်ခြင်းကို ကြွယ်ဝချမ်းသာခြင်းဟု အဓိပ္ပာယ်ဖွင့်ကြ၏" - လောကတွင် အရာရာပြီးပြည့်စုံသောသူ ဟူ၍ မရှိ။ ချို့ယွင်းအားနည်းချက် အနည်းနှင့်အများတော့ ရှိ ကြသည်ချည်းဖြစ်သည်။ လူတို့၏စရိုက်လက္ခဏာသည်လည်း ထိုအတိုင်းပင်။ ကောင်းကွက်-ဆိုးကွက် ပမာဏအပေါ်မူတည်ပြီး လူကောင်း၊ လူဆိုးဟူ၍ သတ်မှတ်ကြစမြဲ။ - သို့ဖြစ်စေကာမူ မိမိ၏ အဇ္ဈတ္တအတွင်းသန္တာန်ကို ညွှန်းကိန်းမြင့်တက်စေရန်အတွက် ပြုပြင်ပြောင်းလဲ ခြင်းပြုပြီး နှလုံးသားရေချိန် မြင့်မြတ်စင်ကြယ်အောင် ဆောက်တည်ကျင့်ကြံလိုသူတို့လည်း ရှိကြသည်။ - ထိုသို့ မိမိကိုယ်ကို မေ့လျော့တွေဝေခြင်းဝဲဂယက် တွင် နစ်မြုပ်မခံဘဲ တိုးမြှင့်ရှင်သန်လိုသူတို့အတွက် လူမိုက်၊ လူတော်၊ ပညာရှိ စာအုပ်ပါ အဆင့်သုံးဆင့်ပုဂ္ဂိုလ်တို့၏ စရိုက်လက္ခဏာများက ညွှန်းကိန်းစံတစ်ခုအဖြစ် သမာသမတ်ကျကျ မှတ်ကျောက်တင်ပေးမည် ဖြစ်ပြီး . . . - ယင်း "လက္ခဏာများ" ကို မိမိတွင်ရှိသော စရိုက်များနှင့် နှိုင်းယှဉ်ချိန်ထိုးကာ မိမိသည် မည်သည့် အဆင့်၌ရှိကြောင်း ရပ်တည်ချက်သတ်မှတ်နိုင်ပြီး ထို့ထက်မြင့်သော အနေအထားသို့ရောက်အောင် မိမိဘာသာ ပျိုးထောင်ဆောက်တည်နိုင်အောင် ယခုစာအုပ်က ထောက်ပံ့ကူညီပေးမည်ဟု ညွှန်းဆိုလိုပါသည်။

အဆင့်နှင့်မှတ်ချက်များ

User reviews