7500.00 MMK
Author:
ဟန်ဆန်း
ID: #1182
Pages: 136
- “ရသစာပေ” ဘက်သို့ ဦးလှည့်မိသည့်အခါတိုင်း အရသာရှိရှိရေးသားမိနေသည်များမှာ “အက်ဆေး”နှင့် “အရေးအသား”များ ဖြစ်နေတတ်ပါသည်။ - ထိုသို့ရေးသားရသည်ကို ကိုယ်တိုင်လက်တွေ့သကဲ့သို့ နှစ်ထောင်းအားရလည်း ရှိတတ်ပါသည်။ - ကိုယ့်ကိုယ်ကိုယ် ရှာဖွေကြည့်ရာဝယ် မိမိကိုယ်မိမိ “အက်ဆေးသမား”၊ “အရေးအသားသမား” ဟု ရသစာပေဘက်တွင် ဂုဏ်ခံလိုလာသည်။ - ထို့ကြောင့် ယခုစာအုပ် “ရပ်စောင့်နေကြသော လူသူထုပတိ” ကို အက်ဆေးဟု ရဲရဲတင်းတင်း တံဆိပ်ကပ်မိသည်။ - “ရသစာပေ” ရေးသားခြင်းအတွက် ဘာသာဗေဒ သို့မဟုတ် ဘာသာစကားကို အသုံးပြု၍ ရေးသားရခြင်းများနှင့် “ရသစာပေ” ဖြစ်စေရန် ထည့်သွင်းအသုံးပြုရသော ဟန်၊ ပုံစံ၊ တည်ဆောက်ပုံနှင့် နည်းနာစသော အကြောင်းများဖြင့် လွတ်သောစာပေရေးသားခြင်း သို့မဟုတ် . . . - ဆန်းသစ်ရေးသားခြင်းများကိုလည်း နှစ်သက်မိပါသည်။ ထို့ကြောင့် ယင်းသို့သောလက်ရာများကိုလည်း ထည့်သွင်းထားမိပါသည်။ (စာရေးသူအမှာမှ ကောက်နုတ်ချက်)