Cart

အာခီတိုက် မပိုင် ဇာတ်ညွှန်း မကိုင်နှင့်

8000.00 MMK

Author: ရောဘတ်ဝင်းထိန်
ID: #1395 Pages: 136

"အာခီတိုက်ဆိုသည်မှာ ဇာတ်ကောင်တစ်ခု၏အပြုအမူ သို့မဟုတ် အမူအကျင့်အပေါ် မူတည်ပြီး သတ်မှတ်ထားသော ပကတိပုံစံဖြစ်သည်” "အားလုံး မဖြစ်မနေ သိသင့်တာကတော့ ဇာတ်ကောင်ဖန်တီးမှုပါပဲ။ ဇာတ်ကောင်တွေကို ဖန်တီးတဲ့အခါ လူတွေရဲ့ စိတ်ပညာကနေ အခြေခံပြီး ဖန်တီးယူရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြည့်မယ့် ပရိသတ်က လူတွေ ဖြစ်နေလို့ပဲ။ လူ့စိတ်သဘောသဘာဝကို နားမလည်ရင် ဘယ်အရာမှ မအောင်မြင်နိုင်ပါဘူး" _ရောဘတ်ဝင်းထိန် "စာအုပ်တွင် ဇာတ်ကောင် ၈ မျိုး၏ အကြောင်းကို ယူဆချက်၊ အတွေးအခေါ်၊ အပြုအမူများအား နိုင်ငံတကာရုပ်ရှင်များနှင့်မြန်မာရုပ်ရှင်များကို ဝေဖန်သုံးသပ်ထားသည်မှာ ကျောင်းသားများနှင့် လေ့လာသူများအတွက် အားကိုးရာ ရည်ညွှန်းရာ စာအုပ်တစ်အုပ်အဖြစ် မြင်ပါသည်" _ဆွေဇင်ထိုက် "အကြောင်းအရာက ကျွန်တော် သိလိုသော အကြောင်းအရာ၊ ကျွန်တော် မသိသေးသော အကြောင်းအရာ။ တင်ပြပုံက ဆန်းသစ်သည်။ စနစ်ကျသည်။ ပြည့်စုံသည်။ ရုပ်ရှင်ဗဟုသုတ ဇာတ်ညွှန်းနည်းပညာတို့ကို ထောင့်စုံဘက်စုံ လေ့လာတင်ပြထားသော စာအုပ်ဖြစ် ကြောင်း သိလိုက်ရသည်" _အောင်စိုးဦး "အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနကျောင်းသားများအတွက် များစွာအထောက်အကူပေးနိုင်မည့်စာအုပ် ဖြစ်သည်။ ပြောရလျှင် မြန်မာ့ရုပ်ရှင်ဇာတ်ညွှန်းလောကအတွက် အတွေးသစ်၊ အမြင်သစ်၊ မဲပြာပုဆိုးမဟုတ်သော ဇာတ်လမ်း၊ ဇာတ်ညွှန်းပုံစံအသစ်များအတွက် လမ်းဖောက်နိုင်ရန် လမ်းညွှန်ပေးနိုင်သော စာအုပ်ဟုလည်း ဆိုနိုင်ပါသည်" _သက်ဦး (မင်းဗေဒါ - ပွင့်ဖြူ)

အဆင့်နှင့်မှတ်ချက်များ

User reviews