7000.00 MMK
Author:
မိုးကျော်ဇင်
ID: #1195
Pages: 123
"သီချင်းဆိုရင်း ပန်းပျိုးမယ် စာအုပ်လေးထဲမှာ မေတ္တာရားရဲ့ ရနံ့၊ ကိုယ်ချင်းစာတရားရဲ့ ရနံ့၊ သစ္စာတရားရဲ့ ရနံ့တွေကို ရှူရှိုက်ရပါလိမ့်မယ်" - ပေးစာများတွင် ထင်ရှားသော အမှတ်အသားတစ်ခုလည်း ရှိပါသေးသည်။ သည်အမှတ်အသားက တွေ့ရှိရန် အလွန်လွယ်ကူသလို ပေးစာတစ်ပုဒ်ကို ဖတ်လိုက်ရသည်နှင့် အလွယ်တကူ ခံစားနိုင်သော အမှတ်အသားလည်း ဖြစ်ပါသည်။ ထိုအမှတ်အသားမှာ မေတ္တာတရားပင် ဖြစ်၏။ - ကျွန်တော် သမီးလေးကို ရည်ညွှန်း၍ ပေးစာများ ရေးရခြင်း၏ အကြောင်းပြချက်များ တစ်ခုမက ရှိပါသည်။ ထိုအကြောင်းပြချက်များထဲမှာမှ ထင်ရှားသိသာသော အကြောင်းပြချက်မှာ မေတ္တာတရားပင် ဖြစ်၏။ - မေတ္တာတရားကြောင့် ရေးဖြစ်သော ပေးစာများမို့လား မသိ၊ သည်လိုပေးစာလေးတွေ ရေးဖြစ် လေတိုင်း ကျွန်တော့်စိတ်သည် သစ်ပင်များ အုံ့ဆိုင်း ညှို့မှိုင်းနေသည့် တောနက်ကြီးထဲမှ ရေကန်တစ် ကန်၏ မျက်နှာပြင်ကဲ့သို့ ကြည်လင်အေးမြနေတတ်ပါသည်။ - မိုးကျော်ဇင်