Cart

မေမေ့ဒိုင်ယာရီ

9500.00 MMK

Author: ခရမ်းပြာ
ID: #1238 Pages: 174

"စည်းကမ်းတကျ သင်ပါ။ နွေးထွေးစွာ ဖလှယ်ပါ။ အဆိုးအကောင်း သိနားလည်ပါစေ။ လွတ်လပ်ခြင်းနဲ့ ချုပ်ချယ်ခြင်းကို မျှတပါ။ ကိုယ်က မိဘဖြစ်ပေ မယ့် သားသမီးတွေရဲ့ စကားကိုလည်း နားထောင် သင့်ရင် နားထောင်ပါ" - မိခင်တစ်ယောက်ရဲ့ မေတ္တာတရားနဲ့ အသိဉာဏ်ပညာကို မျှတစွာ ပေါင်းစပ်ရေးဖွဲ့ထားတဲ့ စာအုပ်တစ်အုပ် . . . ။ - ကမ္ဘာပေါ်မှာ ရှိရှိသမျှသော သုတေသနတွေဟာ အတွေ့အကြုံတွေကို ပေါင်းစုစမ်းသပ် ကောက်ချက်ယူမှုသာ ဖြစ်ပါတယ်။ - ဒီစာအုပ်လေးက ကလေးသူငယ် ပြုစုပျိုး​ထောင်မှုဆိုင်ရာနဲ့ ပတ်သက်လို့ သုတေသနကျနတဲ့ ပညာရှင်တွေရဲ့ ကောက်ချက်ပြုမှု မဟုတ်ပေမယ့် သုတေသနရဲ့ မြစ်ဖျားခံရာ အမေတစ်ယောက်ရဲ့ အတွေ့အကြုံတွေအကြောင်း ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ - မိဘနဲ့ သားသမီးအကြား၊ လူမှုပေါင်းသင်းဆက်ဆံရေးတွေအကြားမှာ သားသမီးတိုင်းအတွက် မေတ္တာလွှမ်းတဲ့ သတိပေးချက်လေးတွေ ရရှိ​စေမယ့် စာအုပ်တစ်အုပ်ဆိုရင် မမှားပါဘူး။

အဆင့်နှင့်မှတ်ချက်များ

User reviews