10000.00 MMK
Author:
ကေဝိုင်
ID: #1205
Pages: 183
"အာရှတိုက်ဟာ ကမ္ဘာ့အကြီးဆုံးနဲ့ လူဦးရေအများဆုံးတိုက်ကြီးတစ်တိုက်ဖြစ်ပါတယ်။ အာရှတိုက်ကို အနောက်အာရှ၊ အရှေ့အာရှ၊ တောင်အာရှ၊ ဗဟိုအာရှနဲ့ အရှေ့တောင်အာရှဆိုပြီး ဒေသအပိုင်းအခြား ၅ ခု ခွဲခြားနိုင်ပါတယ်။ အနောက်အာရှဟာ ကမ္ဘာ့ပထမဆုံး ယဉ်ကျေးမှုအဖွဲ့အစည်းဖြစ်တဲ့ မက်ဆိုပိုတေးမီးယားယဉ်ကျေးမှု ပေါ်ထွက်ခဲ့ရာဒေသဖြစ်ပြီး ကာလအားဖြင့် ကျောက်ခေတ်သစ်ကာလကဖြစ်ပါတယ်။ အလားတူပဲ အရှေ့ဟာလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ လောက်ကစပြီး တရုတ်၊ ဂျပန်နဲ့ ကိုရီးယားယဉ်ကျေးမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။ ရှေးခေတ်က ဘယ်သူတွေဟာ အောင်နိုင်သူမင်းဧကရာဇ်တွေလဲ။ အရင်ခေတ်ယဉ်ကျေးမှုတွေက ဒီနေ့ခေတ်လူ့အဖွဲ့အစည်းကို ဘယ်လိုဘယ်ပုံလွှမ်းမိုးနေသလဲ" - ကျယ်ပြန့်တဲ့ သမိုင်းဖြစ်စဉ်ကြီးထဲက အရေးပါတဲ့အချက်အလက်တွေကို လွယ်လွယ်ကူကူလျင်လျင်မြန်မြန် သိစေမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ - အာရှရဲ့ သမိုင်းယဉ်ကျေးမှုဟာ နည်းနည်းသိရုံနဲ့ ထပ်ထပ်ပြီး သိချင်လာအောင် ဆွဲဆောင်နိုင်တာမို့ ဒီစာအုပ်ကို ဖတ်ကြည့်ဖို့ လက်တို့လိုက်ပါတယ်။