Cart

ရှင်းတမ်း

6000.00 MMK

Author: ဆူးငှက်
ID: #1325 Pages: 152

"ယခုကာလ လူသုံးများ တွင်ကျယ်လှသည့် ဆိုရှယ်မီဒီယာများတွင် ရှေးက ဂန္ထဝင်သီချင်းများကို သီဆိုကြရာတွင်လည်းကောင်း၊ ထိုသီချင်းများအကြာင်း ရှင်းပြ ပြောဆိုကြရာတွင်လည်းကောင်း၊ စာသားအမှန်များမဟုတ်ဘဲ သီချင်း၏ သမိုင်းများကိုလည်း မှားယွင်းစွာ ပြောဆိုထုတ်လွှင့်ကြရာ ကြည့်ရှုသူ သောင်းချီ၊ သိန်းချီ ပရိသတ်များက အမှန်ဟု ယူဆသွားကြသည်။ တကယ်တော့ ထိုသို့မှားယွင်းမှုမှာ ယခုမှမဟုတ်၊ ဟိုရှေးယခင်ကတည်းက ရှိခဲ့ပါ၏။ သို့သော် ယခုလောက် တမုဟုတ်ချင်း ကျယ်ပြန့်သွားရန် အခြေအနေမဟုတ်ခဲ့သောကြောင့် လူသိမများခဲ့ချေ။ ယခုအခါ တိုးတက်လာသော နည်းပညာနှင့် မီဒီယာများကြောင့် အမှားများက မိနစ်ပိုင်းအတွင်း ပျံ့နှံ့သွားကာ ထိုအမှားများကိုပင် သိမ်းဆည်းကြ၊ ကော်ပီယူကြ၊ ထပ်မံဖြန့်ချိကြသောကြောင့် “အမှား” က 'အမှန်' အဖြစ် ကျောက်ဆိုင် ကျောက်တိုင်ပမာ ခိုင်မာသွားတော့သည်" _ ဆူးငှက် _ - ယခုစာအုပ်မှာ တုံးကျော်မ ရှင်းတမ်း၊ မန်ဒါလီ ရှင်းတမ်း၊ ရေချိုးဆိပ်က ဆပ်ပြာရှင်းတမ်း၊ နန်းမြို့တော်ရှင်းတမ်း၊ ရေခင်းတော် ရှင်းတမ်း၊ မင်္ဂလာဆောင်ရှင်းတမ်း၊ ထန်းတောရှင်းတမ်း၊ မင်းဂံဘုတ် ရှင်းတမ်း၊ မြင်းခင်းတော် ရှင်းတမ်း၊ မို့မို ညို့ ညို ရှင်းတမ်း၊ ဧရာဝတီ ဒုဋ္ဌဝတီ ရှင်းတမ်း၊ လူမိုက်နှင့်ငွေ ရှင်းတမ်း၊ ရွှေမိုးညို ရှင်းတမ်း၊ သခွတ်ပန်းရှင်းတမ်း၊ ရေညို နေညို ရှင်းတမ်း၊ ရွှေမန်းတောင်ရိပ်ခို ရှင်းတမ်း အစရှိတဲ့ ရှင်းတမ်း ၂၆ စောင် ပါဝင်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews