12000.00 MMK
Author:
ဆူးငှက်
ID: #833
Pages:
- ၂၀၀၆ ခုနှစ် အတွက် ရွှေအမြုတေစာပေဆု (အခန်းဆက် ဝတ္ထုရှည်) နဲ့ ၂၀၀၇ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်) ဆုရ ရသစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ - မြို့မတူရိယာအသင်းရဲ့ ကနဦးအစ ကာလကို အခြေခံပြီး ဇာတ်အိမ်တည်ထားပါတယ်။ ၁၉၂၅ ကနေ အစပျိုးခဲ့တဲ့ မြို့မတူရိယာအသင်းဟာ ၂၀၂၅ ဆိုရင် နှစ် ၁၀၀ ပြည့်မြောက်ပါပြီ။ - မြို့မရဲ့ ကနဦးအစကနေ မြို့မငြိမ်း ကွယ်လွန်ပြီးစအချိန်ထိ ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းမှာ အမှန်တကယ်ရှိခဲ့တဲ့ သက်ရှိပုဂ္ဂိုလ်ကြီးတွေကို မူတည်ပြီး စိတ်ကူးဇာတ်ကောင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ - မန္တလေးရဲ့ ဂီတအနုပညာ၊ မန္တလေးရဲ့အငြိမ့်ပွဲ၊ မြို့မရဲ့ အငွေ့အသက်၊ မြို့မရဲ့ပုံရိပ်၊ စစ်ပြီးခေတ်ကာလ ခေတ်ပညာတတ်လူငယ်တွေရဲ့ ဂီတအနုပညာထုဆစ်ပုံဖော်မှုတွေကို ရသမြောက်စွာ ဖတ်ရှုခံစားရပါမယ်။