Cart

ရာဝိန္ဒြာနတ်တဂိုး - သစ်သီးခူး

7500.00 MMK

Author: မြသန်းတင့်
ID: #1218 Pages: 196

နံရံတို့သည် ကွဲအက်ကျကုန်၏။ ဘုန်းရှိသူ၏ ရယ်သံနှင့်တူသော အလင်းရောင်သည် ထိုးဖောက် ဝင်ရောက်လာခဲ့၏။ အို အလင်း၊ အောင်ပွဲခံလော့ ည၏ နှလုံးသားထဲသို့ သပ်ထိုးခေါက် ဝင်ရောက်ခဲ့ပြီ။ တလက်လက် အရောင်ပြက်သော သင့် ဓားလွယ်ဖြင့် ယုတ်ညံ့သော ဆန္ဒနှင့် သံသယ အနှောင်အထုံးကို ဖြတ်တောက် ရှင်းလင်းပါလော့။ အို အောင်မြင်ခြင်း။ လာလော့။ လာလော့၊ ဖြူဖွေးထိန်လင်းခြင်း အပြည့်ရှိသည့် ကြောက်ဖွယ် အဘယ့် အိုအလင်း၊ မီးလျှံတို့ ချီတက်ရာလမ်းတွင် သင်၏ အောင်စည် အောင်မောင်းတို့သည် မြည်ဟည်းကြကုန်၏။ နီရဲသော မီးရှူးတိုင်သည် မြင့်လှစွာ၏။ သေခြင်းတရားသည် သင်၏ ခမ်းနားခြင်းကို တွေ့သဖြင့် လန့်ဖျပ်၍ သေခဲ့ပြီ။ - ကဗျာ၊ ဂီတ ဘက်မှာ​ရော ပန်းချီမှာပါ ထူးချွန်ထင်ရှားသူ စာဆိုတဂိုးဟာ ၁၉၁၃ ခုနှစ်က စာပေဆိုင်ရာနိုဗယ်ဆုကို "ဂီတဉ္ဇလီကဗျာ" နဲ့ ရရှိခဲ့ပါတယ်။ - ယခုစာအုပ်က​တော့ ဆရာမြသန်းတင့် မြန်မာပြန်ဆိုထားတဲ့ "သစ်သီးခူး" အမည်ရ ကဗျာစာအုပ်ပါ။ စာချစ်သူတို့ ရသ​မြောက်စွာ ဖတ်ရှုခံစားနိုင်မယ့် စာဆိုတဂိုးရဲ့ စာ​ပေလက်ရာတစ်ခု ဖြစ်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews