6000.00 MMK
Author:
နိုင်းနိုင်းစနေ
ID: #1221
Pages: 104
- လူ့ဘဝရဲ့ တန်ဖိုးရှိတဲ့ ဥစ္စာပစ္စည်းဆိုတာ လူငယ်တွေကို ဘဝရဲ့ပျော်ရွှင်ခြင်းတွေ ခံစားသိရှိစေပြီး အဲဒီလို ခံစားသိရှိနိုင်ဖို့ အခွင့်အရေးတွေ ပေးတာပဲဖြစ်တယ်။ - ပြီးတော့ သူတို့ဝါသနာပါရာ၊ သူတို့နှစ်သက်ရာတွေကို လုပ်ကိုင်စေပြီး ပျော်ရွှင်ခြင်းကို တိုးမြှင့်ပေးတာဖြစ်တယ်။ ရှုံးနိမ့်သွားတာ၊ အောင်မြင်သွားတာက အဓိကမကျဘူး၊ အဓိကကျတာက ပျော်ရွှင်တဲ့စိတ် မွေးမြူနိုင်ဖို့နဲ့ မိမိကိုယ်ကို ယုံကြည်စိတ်၊ လုပ်ရဲကိုင်ရဲတဲ့သတ္တိနဲ့ အကောင်းမြင်စိတ်ရှိဖို့ ဖြစ်တယ်။ - ကြီးမားတဲ့အောင်မြင်မှုကို ရယူဖို့ များများတွေးတောရတယ်။ တွေးတောမှုထဲကနေ ဖန်တီးမှုတွေကို ဖြစ်စေတယ်ဆိုတာပဲဖြစ်ပါတယ်။ - လူ့ဘဝက အမြဲဖြောင့်ဖြူးချောမွတ်နေမှာ မဟုတ်ပါဘူး။ နေရောင်ရတဲ့အချိန်ခါလည်း ရှိသလို လေပြင်းမုန်တိုင်း တိုက်ခတ်ချိန်လည်း ရှိပါတယ်။ လူတချို့က ဆင်းရဲဒုက္ခရှေ့မှာ ဒူးထောက်လက်မြှောက်ကြတယ်။ ဆင်းရဲဒုက္ခအခက်အခဲက သူတို့အတွက် ဆူးညောင့်ခလုတ်ဖြစ်ခဲ့ပြီး တော်ရုံ ရုန်းမထနိုင်ခဲ့ကြတော့ တစ်သက်တာ သူတို့ရဲ့ ညည်းတွားရာအရာ ဖြစ်ခဲ့တယ်။ - တချို့ကတော့ ဆင်းရဲဒုက္ခတွေနဲ့ ထိုးနှက်ချက်ကို ကြံ့ကြံ့ခံ ထရပ်နိုင်ခဲ့တယ်။ အခက်အခဲကြားကနေ ဘဝရဲ့တန်ဖိုးကို ရှာဖွေနိုင်ခဲ့ကြတယ်။ အခွင့်အရေးကို တွေ့ခဲ့ကြတယ်။ ဆင်းရဲဒုက္ခက သူတို့အတွက် ရှေ့ဆက်မယ့်မောင်းနှင်အား ဖြစ်ခဲ့တယ်။ - ဘဝက သင့်ကို မသန်စွမ်းတဲ့လက်တစ်စုံပေးရင်လည်း ပေးနိုင်တယ်။ ဒါပေမဲ့ နှလုံးသားထဲမှာ စိတ်ကူးအိပ်မက်ရှိရင် သင်လည်းပဲ သင့်စိတ်ကူးအိပ်မက်ကို အောင်အောင်မြင်မြင် ပျံသန်းစေနိုင်ပါတယ်။