6500.00 MMK
Author:
နိုင်းနိုင်းစနေ
ID: #1278
Pages: 120
- လောကမှာ ပျော်ရွှင်ခြင်းနဲ့ မပျော်ရွှင်ခြင်း နှစ်ခုပဲရှိသလို ဒီနေ့မှာလည်း ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်း နှစ်ခုပဲရှိတယ်။ ဒီနေ့ကို ပျော်ရွှင်ခြင်းနဲ့ ပြီးဆုံးချင်လား၊ ဒါမှမဟုတ် မပျော်ရွှင်ခြင်းနဲ့ ပြီးဆုံးချင်လား ကိုယ်ရွေးချယ်မူပေါ်မှာပဲ မူတည်ပါတယ်။ - ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာမလိုဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်။ ပျော်ရွှင်ခြင်းကို တောင့်တရင် အရင်ဦးဆုံး ကိုယ့်စိတ်နှလုံးမှာ ရှာယူပါ။ - “မှောက်သွားတဲ့ နွားနို့အတွက် ငိုကြွေးမနေပါနဲ့” ဆိုတဲ့စကားက ရိုးကောင်း ရိုးနေလိမ့်မယ်။ ဒါပေမယ့် အဲဒီစကားထဲမှာ လူတွေရဲ့ မြင့်မြတ်တဲ့ အသိဉာဏ်နဲ့ အတွေ့အကြုံတွေ ပါနေတယ်။ - နာကျင်ခြင်း၊ ကံမကောင်းခြင်း စတဲ့ အတိတ်ကိုသာ တူးဆွနေသူတွေက မျှော်လင့်ချက်တွေပြည့်တဲ့၊ ကျန်းမာသန်စွမ်းတဲ့ မနက်ဖြန်ကို လက်လွတ်သွားနိုင်တယ်။ ဒါကြောင့် အတိတ်မှာပဲ ရှင်သန်မနေသင့်ဘဲ လူ့ဘဝမှာ ပစ္စုပ္ပန်နဲ့ အနာဂတ်သာလျှင် အရေးကြီးကြောင်း သိနားလည်သင့်ပါတယ်။ - ဒီစာအုပ်လေးထဲမှာ ပျော်ရွှင်ဖို့ရာအတွက် လိုအပ်တဲ့ စိတ်ခွန်အားဖြည့်စာစုတွေအပြင် ဘဝအတွက် လိုအပ်တဲ့ စိတ်ခွန်အားဖြည့်စာစုပေါင်း အပုဒ်ရေ ၄၀ ပါဝင်ပါတယ်။ (စာရိပ်မြိုင်)