Cart

Lean Marketing

17000.00 MMK

Author: အဲလက်စ်ခိုင်
ID: #1232 Pages: 150

- စာရေးသူရဲ့ ဆယ်နှစ်ကျော်ကာလအတွင်း နိုင်ငံတကာလုပ်ငန်း​တွေနဲ့ မြန်မာပြည်ရှိ လုပ်ငန်းငယ်တွေက​နေ ရလာတဲ့ မားကက်တင်းအတွေ့အကြုံတွေကို အခြေခံပြီး ဝေမျှထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ "စရိတ်နည်းနည်းနဲ့ အကျိုးရလဒ်များများရရှိနိုင်စေမယ့် မားကက်တင်းနည်းလမ်း ... ဒီနေ့ခေတ်စီးပွားရေးလောကမှာ မားကက်တင်းသမားတွေနဲ့ လုပ်ငန်းရှင်တွေအနေနဲ့ (အထူးသဖြင့် အသေးစားလုပ်ငန်းရှင်တွေဆိုရင်) တစ်ယောက်တည်းကပဲ တာဝန်တွေအများကြီးယူကြရလေ့ရှိပါတယ်။ ဒီလို အချိန်နဲ့ လူအားတွေ အများကြီးစိုက်ထုတ်ဖို့ ခက်ခဲလာတဲ့အခြေအနေမှာ အကြောင်းအရာတစ်ခုတိုင်းအတွက် အများကြီး အာရုံမစိုက်နိုင်ကြတော့ဘဲ ကိုယ်လိုချင်တဲ့ ရလဒ်တွေရရှိဖို့ ခက်ခဲလာကြပါတယ်။ ဒီနေရာမှာ “များများသုံး = ပိုအောင်မြင်” ဆိုတဲ့ ဖော်မြူလာထက် "နည်းနည်းသုံး = ပိုအောင်မြင်" ဆိုတဲ့ ဖော်မြူလာကို ကျွန်တော်တို့တွေ စလုပ်ကြည့်ဖို့ အချိန်တန်ပါပြီ။ တစ်ခုခုရောင်းရဖို့အတွက် ကုန်ကျစရိတ်ဟာ အဲဒီရောင်းချမှုကနေရရှိတဲ့ အမြတ်ထက် များနေမယ်ဆိုရင် အဲဒီနည်းလမ်းဟာ လုံး၀လွဲချော်နေပြီး နောက်ထပ်ရင်းနှီးမြုပ်နှံမှုလုပ်ရင်လည်း ဆုံးရှုံးမှုပိုများစေမှာ သေချာပါတယ်။ ဒါကြောင့် အကောင်းဆုံး အဖြေက “၀ယ်ယူသူရဲ့ လိုအပ်ချက်နဲ့ အကြိုက်တွေဆီကို ထိထိရောက်ရောက် သွားနိုင်ဖို့”ပဲဖြစ်ပါတယ်။ နောက်တစ်ခုက ကြော်ငြာစရိတ်နည်းနည်းပဲသုံးပြီး Leads များများ၊ ရလဒ်ကောင်းကောင်းရဖို့ဆိုတာက အဓိကအားဖြင့် Lean ဖြစ်အောင် လုပ်ဖို့လိုတယ်။ အဓိပ္ပာယ်ကတော့ "သေးသေးနဲ့ စမ်း၊ ပြန်ဆန်းစစ်" ဆိုတဲ့ Approachမျိုးဖြစ်ပါတယ်" (စာအုပ်မှ ကောက်နုတ်ချက်)

အဆင့်နှင့်မှတ်ချက်များ

User reviews