7500.00 MMK
Author:
ရွှေဥဒေါင်း
ID: #1233
Pages: 136
- ဤစာအုပ်တွင် သင်၏ကြီးပွားရေးအတွက် လျှို့ဝှက်နက်နဲသော အချက်ကြီးတစ်ချက်ပါရှိ၏။ ထိုအချက်ကို ကျွန်ုပ်တို့ကိုယ်တိုင် ထုတ်ဖော်ညွှန်ပြခဲ့လျှင် ခရီးမရောက်မည်စိုးသောကြောင့် သင့်အလိုအလျောက် ရှာဖွေဖို့ ချန်လှပ်ထားခဲ့၏။ - သင်သည် ကြီးပွားထိုက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့လျှင် ထိုလျှို့ဝှက်သောအချက်ကို မုချဧကန် တွေ့ရမည်ဖြစ်၏။ တွေ့အောင်ရှာပါလေ။ - ထူးခြားသောအချက်မှာ ထိုလျှို့ဝှက်သောအရာကို ကိုယ်တိုင်တွေ့အောင် ရှာနိုင်သောသူသည် မကြီးပွားဘဲ မနေနိုင်။ ထွက်၍ပြေးသော်လည်း မလွတ်။ ဓနဥစ္စာသည် ထိုသူရှိရာသို့ အတင်း လာရောက်ချေတော့မည်ဖြစ်၏။ - ဤလျှို့ဝှက်သောအရာသည် အခန်းတိုင်းတွင် ပါရှိ၏။ ကြီးပွားထိုက်သောသူမှန်လျှင် မတွေ့ဘဲမနေနိုင်ချေ။ - တွေ့ရှိသောသူအဖို့၌လည်း ငွေသည်လည်းကောင်း၊ ဩဇာတိက္ကမသည်လည်းကောင်း၊ ကျော်စောကိတ္တိရှိခြင်းသည်လည်းကောင်း၊ ချမ်းသာသုခသည်လည်းကောင်း အလိုအလျောက် လာရောက်မည်ဖြစ်၏။