22000.00 MMK
Author:
ရွှေဥဒေါင်း
ID: #1261
Pages: 517
- ဤမှတ်တမ်းမှာ အတ္ထုပ္ပတ္တိသက်သက် မဟုတ်ချေ။ အတွေးအခေါ်များလည်း ပါရှိ၏။ ဗုဒ္ဓဘာသာ ကနဦးအနေဖြင့် ဗုဒ္ဓ၏ဟောကြားသောတရားများနှင့် စပ်လျဥ်း၍ တွေးခေါ်မြော်မြင်ယူဆပုံများကို ယင်း၏ကိုယ်တွေ့လေ့လာစမ်းသပ်မှုများအရ ရဲဝံ့စွာ တင်ပြထားလေသည်။ (ဒဂုန်ရွှေမျှား) - ဤမှတ်တမ်းကိုရေးသားရာတွင် ဆရာကြီး၏ အသေးစိတ်ရေးသားချက်များကို တွေ့ကြရပေလိမ့်မည်။ အချို့က ဆရာကြီးတွင် ငယ်စဥ်ကတည်းက မှတ်သားထားသော မှတ်တမ်းကလေးတစ်ခု ရှိလိမ့်မည်ဟု ထင်ကြသည်။ အမှန်အားဖြင့်သော် မှတ်တမ်းတစ်ခုလုံးမှာ ဆရာကြီး၏ အံ့သြဖွယ်ကောင်းသော မှတ်ဉာဏ်အတွင်းမှ ထွက်ပေါ်လာခြင်းသာ ဖြစ်လေသည်။ (လူထုဦးလှ) - အတ္ထုပ္ပတ္တိတစ်ခုကိုရေးသောအခါတွင် တွေ့ကရာရှစ်သောင်း ကြုံလေသမျှကို အသေးစိတ်ဖော်ပြတိုင်းကောင်းသည်မဟုတ်ပါ။ စာဖတ်သူ စိတ်ဝင်စားမည့်အချက်ကို သိတတ်ရန် လိုပါသည်။ အသေးအဖွဲဟူသမျှကို ချန်ထားတိုင်းလည်း မကောင်းပါ။ အသေးအဖွဲလေးများကို သူ့နေရာနှင့်သူ တန်ဖိုးရှိသွားအောင် သုံးတတ်ခြင်းမှာ ဆရာကြီး၏အရည်အချင်းဖြစ်ပါသည်။ မဖြစ်စလောက်ကိစ္စလေးကို ဖျတ်ခနဲဖော်ပြလိုက်၍ အခြေအနေတစ်ရပ်လုံး ဝင်းခနဲပေါ်လွင်လာအောင် ရေးသားတတ်ပါသည်။ (အောင်သင်း)