15000.00 MMK
Author:
ခတ္တာခင်
ID: #1264
Pages: 328
- နွေဦးဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာလို့ အမည်တပ်လို့ရမယ့် ရင်ခုန်သံအဖြူထည်လေးကို ဘဝနဲ့ရောထွေးပြီး နူးညံ့စွာ ရေးဖွဲ့ပြထားပါတယ်။ - နွေဦး၊ နှင်းနု၊ ကိုသူ ဆိုတဲ့ လူသားသုံးဦးကြားက ဖြူစင်မှုတွေ၊ သံယောဇဉ်တွေ၊ သိမ်မွေ့ရှုပ်ထွေးတတ်တဲ့ စိတ်ခံစားချက်တွေကို ဖြည်းဖြည်းချင်း ပုံဖော်ထားပါတယ်။ - ရေဒီယိုလေးတစ်လုံးဟာ အသံလှိုင်းတွေကတစ်ဆင့် စိတ်ခံစားချက်တွေကိုချိတ်ဆက်ပေးတယ်။ မမြင်ရတဲ့လိုင်းဆွဲအားတွေ၊ စွမ်းအင်တွေနဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်တယ်။ ချစ်ခြင်းမေတ္တာကိုလည်း ဆောင်ယူပေးနိုင်တယ်။ - ပန်းကလေးတွေဟာလည်း ရေဒီယိုလေး နည်းတူပါပဲ။ သူ့မှာကတော့ လှိုင်းတွေ၊ ဆွဲငင်အားတွေမရှိပေမယ့် ရနံ့တွေနဲ့ ချိတ်ဆက်နိုင်တယ်။ ပန်းတွေဟာ နူးညံ့တဲ့သဘောရှိပေမယ့် ကြီးမားတဲ့ချစ်ခြင်းမေတ္တာကို မွေးဖွားနိုင်စွမ်းရှိတယ်။ ပန်းကလေးတွေဟာ ခက်ထန်နေတဲ့စိတ်တွေ၊ ဝမ်းနည်းထိရှလွယ်တဲ့ ခံစားချက်တွေကို သူ့ရဲ့ရနံ့၊ အရောင်အဆင်းတွေနဲ့ ဖြားယောင်းပြီး ဆန့်ကျင်ဖက်ဖြစ်အောင် ပြောင်းလဲနိုင်စွမ်းလည်းရှိတယ်။ - နွေဦးကကော ဘယ်အရာတွေကိုမျှော်လင့်ပြီး ဘယ်အရာတွေကို ချိတ်ဆတ်ချင်နေပါသတဲ့လဲ။ နွေဦးဟာ မိန်းမသားဖြစ်တဲ့အတွက် ပန်းလေးတစ်ပွင့်ပဲ ဆိုကြပါစို့။ သူ့ရဲ့ရနံ့ဟာ ချစ်ခြင်းမေတ္တာတွေကို ဖန်တီးနိုင်စွမ်းရှိလာမှာလား။ ပြီးတော့ ရေဒီယိုလေးတစ်လုံးကနေ သူချိတ်ဆက်ချင်တဲ့အရာကကော ဘာများဖြစ်မလဲ။