6500.00 MMK
Author:
ချယ်ရီမြေ မောင်တင်ထွန်း
ID: #1307
Pages: 168
"ချယ်ရီမြေမောင်တင်ထွန်း အသင့်တည်ခင်းထားသော ဤ 'ကဗျာအလှ စာအလှ' ဟူသည့် ရသာစုံထမင်းဝိုင်းသည် ဆရာ ဆရာမများ၊ကျောင်းသား ကျောင်းသူများ၊လေ့လာသူများကို 'စားလှည့်ကုန်၊သောက်လှည့်ကုန်'ဟု ဖိတ်ခေါ်လျက်ရှိပါသည်" [မောင်ခင်မင် (ဓနုဖြူ)] "ဤစာအုပ်ပါ ရေးသားဖော်ပြချက်များသည် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လေ့လာဖတ်ရှုသူများအားလုံးကို အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် မြန်မာကဗျာသင်ကြားရေးအတွက် အထောက်အကူကောင်းတစ်လက်ဖြစ်ပါကြောင်း ဖော်ညွှန်းလိုက်ရပါသည်" [ဒေါက်တာအောင်မြင့်ဦး] - မြန်မာကဗျာကို ချစ်မြတ်နိုးသူတွေ၊ မြန်မာကဗျာသင်ကြားရေးနယ်ပယ်က ဆရာဆရာမတွေ၊ မြန်မာကဗျာ သင်ယူနေကြသူ ကျောင်းသားကျောင်းသူတွေအသုံးတည့်မယ့်၊ အားကိုးအားထားပြုရမယ့် ပညာရပ်ဆိုင်ရာ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။