Cart

အမှတ်တရဖြစ်ရပ် အမှတ်တရစကား

8000.00 MMK

Author: မောင်ခင်မင် ( ဓနုဖြူ )
ID: #804 Pages:

စာ​ရေးသူရဲ့ ဘဝတစ်လျှောက် ကြုံဆုံခဲ့ရတဲ့ ဆရာသမား​တွေ၊ အကြီးအမှူး​တွေ ပြောခဲ့ကြတဲ့ ဆုံးမစကား၊ သြဝါဒစကား၊ ချီးကျူးစကား၊ အကြံပေးစကား၊ ခွင့်ပြုစကား၊ အားပေးစကား၊ အမှတ်ထင်ထင်ပြောခဲ့တဲ့စကားတွေကို ဖြစ်ရပ်တွေနဲ့အတူ အမှတ်တရရေးထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာ​ရေးသူရဲ့ ငယ်ဘဝ အခြေခံပညာဆရာတွေဖြစ်တဲ့ ဆရာကြီးဦးသန်းမောင်၊ ဆရာကြီးဦးတင်တို့ကစလို့ ဆရာကြီးဦးဖေမောင်တင်၊ ဆရာကြီးဦးဝန် (မင်းသုဝဏ်)၊ ဆရာကြီးဦးသိန်းဟန် (ဇော်ဂျီ)၊ ဆရာကြီးဦးသော်ကောင်း၊ ဆရာကြီးဦးသန်းဦးတို့လို အထင်ကရ ပုဂ္ဂိုလ်ကျော်​တွေ၊ ဆရာကြီးဦးကောင်းညွန့်၊ ဒေါက်တာစိုးရင်၊ ဆရာကြီးဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်)၊ ဒေါက်တာတင်အောင်အေးတို့လို တက္ကသိုလ်အကြီးအကဲ​တွေ၊ ပါမောက္ခဦးမောင်မောင်ကြီး၊ ဆရာကြီးဦးဖိုးကျော်မြင့်၊ ပါမောက္ခဦးဧမောင်၊ ပါမောက္ခဒေါ်သန်းဆွေ၊ ပါမောက္ခဒေါ်စီစီဝင်း၊ ဆရာကြီးဦးမြင့်ကြည်၊ ပါမောက္ခဦးဘိုသင်း၊ ပါမောက္ခဦးရွှေသွင်၊ ပါမောက္ခဒေါ်ပိုတို့လို မြန်မာစာအကျော်အမော်​တွေ စတဲ့ ပုဂ္ဂိုလ် ၃၈ ဦးရဲ့ အမှတ်ထင်ထင်ပြောစကားတွေနဲ့ အမှတ်တရဖြစ်ရပ်တွေကို စိတ်ဝင်စားဖွယ်၊ မှတ်သားဖွယ်၊ လွမ်းမောဖွယ် ဖတ်ရှုရပါမယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews